DVB Logo
Home
မြန်မာသတင်း
ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်းပြတ်နေသည့် လူသေအလောင်းတွေ့ရှိ
DVB
·
November 3, 2014
ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်းပြတ်နေသည့် လူသေအလောင်းတွေ့ရှိ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာက တောက်ပကြယ်ကုမ္ပဏီပိုင် မြေစာသယ်ကား ၁ စီးဟာ အဲဒီနေ့က မြေစာတွေ လာသွန်ချတဲ့ အခါမှာ လူရွယ်တဦးရဲ့ အလောင်းကို တွေ့ ရှိကြောင်း ဒေသခံတွေက ပါတီကို အကြောင်းကြားခဲ့တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_53562" align="alignright" width="371"]ရေမဆေးကျောက် ရှာဖွေနေကြသူများ ရေမဆေးကျောက် ရှာဖွေနေကြသူများ[/caption]

ဦးဒါရှီလာဆိုင်းက “မနေ့က တောက်ပကြယ် ဆိုတဲ့ ကုမ္ပဏီက မြေစာစွန့်ပစ်တဲ့ အချိန်မှာ ရေမဆေးကျောက်ရှာတဲ့ လူတွေက အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်းကို တွေ့တာပေါ့နော်။ လူငယ်က အသက် ၂၀ ကျော် ခန္ဓာကိုယ် ၃ ပိုင်းပြတ်သွားတာ၊ ကုမ္ပဏီဝင်းထဲမှာဘဲ သူတို့က ကျောက်သွားတူးတာ ခြေထောက်တခြား၊ လက်တခြာ၊ ကိုယ်တခြား ခေါင်းကတော့ ညနေပိုင်းမှဘဲ တွေ့တယ်။” လို့ ပြောပါတယ်။

သေဆုံးသူဟာ မဆွတ်ယန်ရွာသာား လမုန်းဂွန်ဂျားအောင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းက ပျောက်ဆုံးခဲ့ကြောင်းနဲ့ ဇနီးသည်နဲ့ ကလေးတဦးကျန်ရစ်ကြောင်းသူက ဖြည့်စွက်ပြောပါတယ်။

ဒီကနေ့ထိတော့ ဘာကြောင့် သေဆုံးပြီး မြေစာကားနဲ့ ပါလာလဲဆိုတာကိုတော့ မသိနိုင်သေးဘဲ ရဲက သေမှုသေခင်းဖွင့်လှစ် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

လူရွယ်ရဲ့ အလောင်းကိုတော့ မနေ့ညနေကဘဲ မီးသင်္ဂြိုဟ်လိုက်ကြောင်း၊ အခင်းဖြစ်ရာကို ရဲတပ်ဖွဲ့တွေက လာရောက်ဓာတ်ပုံရိုက်မှတ်တမ်းတင်ကြပေမယ့် အရေးတယူ မေးမြန်း စုံစမ်း စစ်ဆေးတာတွေ မတွေ့ရလို့ ဒေသခံတွေ အားမလိုအားမရ ဖြစ်နေတယ်လို့ သူက ဆက်ပြော ပါတယ်။

သူတို့ ပါတီအနေနဲ့တော့ ဖြစ်ပွားပုံကို ဆက်လက်မေးမြန်းပြီး မိသားစုဝင်တွေရဲ့ ဆန္ဒအတိုင်း တာဝန်ရှိသူတွေကို ဆက်လက်တိုင်ကြားပေးမယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသမှာ အရင်းအနှီးမဲ့သူ လူများစုက ရေမဆေးကျောက်တူးခြင်းကိုဘဲ အဓိကထား လုပ်ကိုင်နေရပြီး ရဲနဲ့ စစ်တပ်ရဲ့ ရှောင်တခင် ၀င်ရောက်စစ်ဆေးဖမ်းဆီးခြင်း၊ တွင်းပြိုကျခြင်း၊ မြေစာပုံပြိုကျခြင်း စတဲ့ အန္တရာယ်တွေလည်း မကြာခဏ ရင်ဆိုင်နေရတယ်လို့ ဦးဒါရှီလာဆိုင်း က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013