DVB Logo
Home
နိုင်ငံတကာ
ပင်လယ်နက်၌ တိုက်ခိုက်မှုရပ်တန့်ရန် ယူကရိန်း-ရုရှား သဘောတူထားသော်လည်း အလုံးစုံ အပစ်ရပ်ရေး အလှမ်းဝေးနေ  
DVB
·
March 26, 2025
ပင်လယ်နက်၌ တိုက်ခိုက်မှုရပ်တန့်ရန် ယူကရိန်း-ရုရှား သဘောတူထားသော်လည်း အလုံးစုံ အပစ်ရပ်ရေး အလှမ်းဝေးနေ  
Donate to DVB

ပင်လယ်နက်ဒေသမှာ ယူကရိန်းနဲ့ ရုရှားတို့ကြား တိုက်ခိုက်မှုရပ်တန့်ဖို့အတွက် သဘောတူညီခဲ့ကြတယ်လို့  အိမ်ဖြူတော်အနေနဲ့ မတ် ၂၅ ရက်မှာ အတည်ပြုပါတယ်။ အခုလိုမျိုး ပင်လယ်ရေကြောင်း တိုက်ခိုက်မှုရပ်စဲရေးဟာ နောက်ထပ်အရေးပါတဲ့ ခြေလှမ်းတခု ဖြစ်ပေမဲ့  အလုံးစုံအပစ်အခတ်ရပ်နိုင်ဖို့တော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။

အဲဒီနှစ်နိုင်ငံကြား သဘောတူညီမှုရထားတဲ့ မြေပြင်ပေါ်က စွမ်းအင်အဆောက်အအုံတွေကို အပစ်ရပ်ရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး အသေးစိတ်အစီအမံတွေချမှတ်ဖို့ အတွက်လည်း ကတိပြုခဲ့ပါတယ်။

၃ ရက်ကြာ ဆော်ဒီအာရေဗျနိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် ရုရှား နဲ့ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ဟာ တိုက်ရိုက်တွေ့ဆုံတာမျိုးမရှိဘဲ အမေရိကန်ရဲ့  ကြားဝင် ညှိနှိုင်းပေးမှုအရ သီးခြားစီ သဘောတူခဲ့ကြတာပါ။

အဲဒီသဘောတူညီချက်က အရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ဖွင့်ပေးနိုင်မှာ ဖြစ်တယ်လို့ ဝါရှင်တန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် သက်ဆိုင်သူအားလုံးဟ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ရအောင် ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ် ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ဒါပေမဲ့ အစားအသောက်နဲ့ ဓာတ်မြေသြဇာလိုမျိုး လယ်ယာထုတ်ကုန်တွေအပေါ်  အနောက်နိုင်ငံတွေရဲ့  အရေးယူပိတ်ဆို့မှုတချို့ ဖယ်ရှားပေးမှသာ ရုရှားဘက်က ရေကြောင်း တိုက်ခိုက်မှုရပ်တန့်ရေးကို အကောင်အထည်ဖော်မယ်လို့ ပြောထားပါတယ်။

ဒါကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က “ ရုရှားဓာတ်မြေသြဇာနဲ့ စိုက်ပျိုးရေး ပို့ကုန်တွေကို ကမ္ဘာ့ဈေးကွက်ထဲ ပြန်ဝင်နိုင်အောင် အကူအညီပေးဖို့ရှိတယ်” လို့  အိမ်ဖြူတော်အနေနဲ့ ထုတ်ပြန်ထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးကတော့ ဒါဟာ “လက်ရှိရပ်တည်ချက်တွေနဲ့ ဒဏ်ခတ်ပိတ်ဆို့ထားမှုကို အားနည်းစေတယ်” ဆိုပြီး ဝေဖန်သွားပါတယ်။

တကယ်လို့ ရုရှားအနေနဲ့ ကတိပျက်ခဲ့ရင် ယူကရိန်းဟာ မော်စကိုအပေါ် အရေးယူပိတ်ဆို့မှု ထပ်တိုးချဲ့ဖို့နဲ့ အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့ ပိုမိုရရှိဖို့အတွက် ဖိအားပေးသွားမယ်လို့ ဆိုပါ တယ်။

၂၀၂၂ တုန်းကလည်း ပင်လယ်နက်ထဲမှာ ကုန်တင်သင်္ဘောတွေ လုံခြုံစွာသွားလာနိုင်မယ့် သဘောတူညီ ချက်တရပ်ကို ရက်ပေါင်း ၁၂၀ ကြာ ချမှတ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အကြိမ်ကြိမ်သက်တမ်းတိုးပြီးနောက် ၂၀၂၃ ဇူလိုင်လအရောက်မှာ ရုရှားဘက်က သဘောတူညီချက်ကို စွန့်လွှတ်ခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်း နှစ်နိုင်ငံ စလုံးဟာ အစေ့အဆန်တင်ပို့ရောင်းချတဲ့ အဓိကနိုင်ငံတွေ ဖြစ်တဲ့ အလျောက် စစ်ပွဲစတင်ချိန်ကစပြီး သက်ဆိုင် ရာဈေးနှုန်းတွေကို ထိုးတက်သွားစေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013