DVB Logo
Home
မြန်မာသတင်း
မြဝတီကျားဖြန့် လူကုန်ကူးမှုဖြင့် ဂျပန်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
DVB
·
March 26, 2025
မြဝတီကျားဖြန့် လူကုန်ကူးမှုဖြင့် ဂျပန်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြဝတီကျားဖြန့်အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေထဲ လူကုန်ကူးမှုနဲ့ ဂျပန်အမျိုးသားတယောက်ကို  အိုဆာကာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း The Japan Times သတင်းမှာ မတ် ၂၅ ရက်က ဖော်ပြပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုမူဖူဂျီနူမားဟာ ကျားဖြန့် ရာဇဝတ်မှုတွေနဲ့ ထိုင်းအာဏာပိုင်တွေက ကနဦးဖမ်းဆီးခဲ့ပြီးနောက် ဂျပန်နိုင်ငံကို ပြန်ပို့ခဲ့ချိန် ကန်ဆိုင်းလေဆိပ်မှာ သက်ဆိုင်ရာက ဖမ်းဆီး အရေးယူလိုက်တာပါ။

မစ္စတာ ဖူဂျီနူမားဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက အသက် ၂၀ အရွယ် အသိမိတ်ဆွေ တယောက်ကို အိုဆာကာက လမ်းတလမ်းကနေ ပြန်ပေးဆွဲပြီး နှိပ်စက်ညှဉ်းပန်းကာ ဖမ်းဆီး ချုပ်နှောင်ထားမှု ကနဦး စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

အဲဒီနောက် သူဟာ အသိမိတ်ဆွေဆီက ‌ငွေသား ယန်း ၂ ဒသမ ၆ သန်းနဲ့ နာရီတစ်လုံး ခိုး ယူသွားပြီးနောက် ဂျပန်နိုင်ငံကနေ ထွက်ပြေးသွားခဲ့တဲ့အကြောင်း အိုဆာကာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒါ့အပြင်  ဂျပန်အထက်တန်းကျောင်းသားလူငယ်တယောက်ကို  လိမ်လည် လှည့်ဖြားပြီး မြန်မာနိုင်ငံဆီ ပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့  သူ့ကို ဂျပန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ ပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ တခြားသော သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဖူဂျီနူမားကို မြန်မာနိုင်ငံဘက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်တဲ့ သံသယနဲ့ ဖေဖော်ဝါရီ ၁၃ ရက်က ဘန်ကောက်လေဆိပ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထား ဖြားယောင်းပြီးတော့ ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းတွေဆီ လူကုန်ကူးတာတွေ လုပ်ဆောင်ခဲ့သလို အွန်လိုင်းဂိမ်းအစုအဖွဲ့တွေက တဆင့် သိကျွမ်းခဲ့တဲ့ မီယာဂီခရိုင်ထဲက အထက်တန်းကျောင်းသားတယောက်ကိုလည်း လိမ် လည်မှုကျူးလွန်ဖို့ တွန်းအားပေးခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

ဒါအပြင် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် လုပ်ဆောင်နေတဲ့ ဂျပန်ငွေလိမ်ဂိုဏ်းတခုမှာ လည်း ပါဝင်ပတ်သက်နေနိုင်ကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ တခြားသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

Source: The Japan Times

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013