
အာဖရိကတောင်ပိုင်းနဲ့ အရှေ့အာဖရိက နိုင်ငံရေးအစုအဖွဲ့ ခေါင်းဆောင်တွေအကြား မတ် ၂၄ ရက်က အွန်လိုင်း အစည်းအဝေးတရပ်ကျင်းပပြီး ကွန်ဂိုအရှေ့ပိုင်းမှာ ဖြစ်နေဆဲ ရဝမ်ဒါ ကျောထောက်နောက်ခံပြု M23 သူပုန်ထိုးစစ်ကို အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ တာဝန်ပေးထားတဲ့ ဖျန်ဖြေရေးအဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။
ရဝမ်ဒါက ထိထိရောက်ရောက် ကူညီပေးတဲ့ ဒီဆွေးနွေးပွဲဟာ ပြင်းထန်လာတဲ့ ပဋိပက္ခအတွက် လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတရပ် ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ်တွေအတွင်း ကွန်ဂိုအရှေ့ပိုင်းက အကြီးဆုံးပဋိပက္ခကို ဖြေရှင်းဖို့ သံတမန်ရေးရာ ကြိုးပမ်းချက်တွေ ရှိနေပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အရင်အပတ်က ရပ်တန့်သွားခဲ့ပါတယ်။
M23 သူပုန်အဖွဲ့ကတော့ အင်ဂိုလာနိုင်ငံမှာ ကျင်းပတဲ့ ကွန်ဂိုအစိုးရနဲ့ ဆွေးနွေးပွဲတွေကိုတက်ဖို့ ပျက်ကွက်ခဲ့ပြီး နောက်ပိုင်းမှာ မဟာဗျူဟာကျတဲ့ ဝါလီကာလေမြို့ကို သိမ်းပိုက်ခဲ့ ပါတယ်။
ဒီအကြမ်းဖက်မှုဟာ ၁၉၉၄ ခုနှစ်က ရဝမ်ဒါနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုကနေ ကာလကြာရှည် ဂယက်ရိုက်တာတွေနဲ့ ဓာတ်သတ္တုအရင်းအမြစ်တွေကို ထိန်းချုပ်ရေး ပြိုင်ဆိုင်မှုတို့ကနေ အရင်းခံလာခဲ့တာပါ။
ကွန်ဂိုအရှေ့ပိုင်းက အကြီးဆုံးမြို့ကြီးနှစ်ခုကို သူပုန်ထိန်းချုပ်မှုက အဆုံးအဖြတ်ပေးခဲ့ပြီး လူထောင်ချီ သေဆုံးခဲ့ပါတယ်။
ပိုကျယ်ပြန့်တဲ့ ဒေသတွင်းစစ်ပွဲတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေ ကြီးထွားလာခဲ့ပါတယ်။ ဒါကိုတုံ့ပြန်တဲ့အနေနဲ့ အာဖရိကတောင်ပိုင်းနဲ့ အရှေ့အာဖရိက အစုအဖွဲ့တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဆင်ပြေချောမွေ့စေဖို့ နိုင်ဂျီးရီးယားဝန်ကြီးချုပ်ဟောင်း အိုလူဆေဂံ အိုဘာစန်ဂျို၊ တောင်အာဖရိက သမ္မတဟောင်း ကေဂယ်လေမာမော့လန်တေနဲ့ အီသီယိုပီးယား သမ္မတဟောင်း ဆာလေဝါ့ခ်ဇုတို့ အပါအဝင် နိုင်ငံ့အကြီးအကဲဟောင်း ၅ ယောက်ကို တာဝန်ပေး ရွေးချယ်ခဲ့တယ်လို့ မတ် ၂၅ ရက်အစောပိုင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters











