DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၁၄ ဦးထက်မနည်း သေဆုံး
DVB
·
March 25, 2025
ရေစကြိုတွင် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၂ ဦးအပါအဝင် ၁၄ ဦးထက်မနည်း သေဆုံး
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၇ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တပ်ကြပ်ကြီး ၂ ယောက် အပါအဝင် ၁၄ ယောက်ထက်မနည်း သေဆုံးကာ Southern YSO PDF ရဲ့ စစ်ကြောင်းမှူး ဒဏ်ရာရရှိခဲ့တယ်လို့ Southern YSO PDF က မတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Southern YSO PDF ရဲ့ ပြန်ကြားတာဝန်ခံက “သူတို့စစ်ကြောင်းက စစ်သားနဲ့ ရဲ ပူးပေါင်းအင်အား ၂၀ လောက် ပါလာပြီးတော့ ဂျန်ဘာဆင်ထားတဲ့ကားနဲ့ ပခုက္ကူမြို့ကနေ ပခန်းမြို့ဟောင်းဘက်ကို စစ်ကူထွက်လာတဲ့သတင်း ကြိုရတာနဲ့ ပခုက္ကူ-ရေစကြို လမ်းပိုင်းပေါ်မှာ ဖြတ်တိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Southern YSO PDF ရဲ့ (နတ်မိကျောင်းစစ်ဆင်ရေး) ကဦးစီးပြီး Southern Local တပ်ပေါင်းစုတွေဖြစ်ကြတဲ့ Southern YSO PDF၊ ပြည်သူ့အားမာန် PDF၊ Yesagyo Revolutin Group (YRG)၊ ဒေါင်းညီနောင်၊ ဒေါင်းစစ်သည်၊ King Cobra နဲ့ ရေစကြိုမြို့နယ် ပလဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး Southern YSO PDF ရဲ့ စစ်ကြောင်းမှူးဟာ မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက  “ကျနော်တို့ တိုက်ခိုက်မှုကတော့ တကယ့်အက်ရှင်ကားတကားလိုပါပဲ။ သူတို့ကားကို အရင်ဦးစွာ ရှေ့တည့်တည့်ကနေ တင့်ဖျက် RPG နဲ့ ပစ်ထည့်လိုက်တော့ ရှေ့ခန်းကနေဝင်သွားပြီး နောက်ခန်းထဲမှာ ကွဲတယ်။ ဆက်ပြီးတော့ ၄၀ မမ ၃ လုံးနဲ့ ထပ်ပစ်ပြီး လက်နက်ငယ်တွေနဲ့ တောက်လျှောက်ပစ်တာ။ သေလိုက်ကြတာ သောက်သောက်လဲပဲ။ မသေဘဲ ကျန်နေတဲ့ ကောင်တွေကတော့ ပြန်ပစ်တယ်။ ကျနော်တို့ဘက်က သူတို့ကားနားကပ်တဲ့အချိန် ကျနော်တို့စစ်ကြောင်းမှူးရဲ့ သေနတ် Error တက်သွားပြီးတော့ သူလည်း နည်းနည်းထိသွားတယ်။ အဲဒါနဲ့‌ ‌ေ-းတွေဆီက ဘာမှမသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်လာခဲ့ကြတာ။ သူတို့ဘက်က အနည်းဆုံး ၁၄ ယောက်သေတာကတော့ မျက်မြင်တွေ့ခဲ့ရတယ်။ မသေမရှင်တွေလည်း တွေ့ခဲ့သေးတယ်။ စစ်ကြောင်းမှူးကတော့ တော်တော်လေးသက်သာလာပါပြီ။ နောက်ရက်ဆိုရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်တော့မှာပါ” လို့ DVB ကို ပြောပါတယ်။

အဆိုပါစစ်ကားပေါ်မှာ လိုက်ပါလာသူတွေထဲက တပ်မ ၁၀၁ က တပ်ကြပ်ကြီး နိုင်လင်း၊ ခလရ ၂၃၅ တပ်ရင်းက တပ်ကြပ်ကြီး နေဝင်း၊ ခလရ ၂၅၉ တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ မကွေးတိုင်း လှုပ်ရှားရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း လှုပ်ရှားရဲတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ရဲ့ လေယာဉ်ကွင်းဂိတ်စခန်းကို သယ်ဆောင်သွားကြပြီး တပ်မ၊ တပ်ရင်းတွေက သေဆုံးသူတွေကိုတော့ သက်ဆိုင်ရာ တပ်မ၊ တပ်ရင်းတွေကို ပြန်လည်သယ်ဆောင်သွားကြတယ်လို့လည်း တိုက်ပွဲအတွင်း ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေဆီကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုကို စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013