DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ အစ္စရေး ဓားစာခံများ၏ ဗီဒီယိုကို ဟားမတ်စ် ထုတ်ပြန်
DVB
·
March 25, 2025
ဂါဇာရှိ အစ္စရေး ဓားစာခံများ၏ ဗီဒီယိုကို ဟားမတ်စ် ထုတ်ပြန်
Donate to DVB

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပြီး အစ္စရေးက ဂါဇာမှာ တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီးနောက် တပတ်အကြာ မတ် ၂၄ ရက်မှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်ဟာ အစ္စရေးဓားစာခံ ၂ ယောက်ရဲ့ ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က နိုဗာ ဂီတပွဲတော်မှာ ဟားမတ်စ် ပြန်ပေးဆွဲသွားတဲ့ အသက် ၃၅ နှစ်အရွယ် အယ်လ်ကာနာ ဘိုးဘော့ထ်နဲ့ အသက် ၂၄ နှစ်အရွယ် ယိုဆက်ဖ်-ဟာအီးမ် အိုဟာနာ တို့ရဲ့ မိသားစုတွေက အဲဒီဗီဒီယိုကို လွှင့်တင်ခွင့် ပြုထားပါတယ်။

ဗီဒီယိုထဲမှာ အမည်မသိနေရာတခုမှာ ထိုင်နေကြရင်း ယိုဆက်ဖ်-ဟာအီးမ် အိုဟာနာက သူဟာ အကျဉ်းသားနံပါတ် ၂၁ ဖြစ်ကြောင်းနဲ့ ဘိုးဘော့ထ် ကလည်း သူဟာ နံပါတ် ၂၂ အကျဉ်းသား ဖြစ်ကြောင်း ပြောထားကြပြီး သူတို့အိမ်ပြန်ရဖို့ တောင်းပန်ထားပါတယ်။

သူတို့က “အဲဒီမှာ တချိန်လုံး ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို အားလုံးသိကြမှာပါ။ စစ်အတွင်းကာလမှာ ဘယ်လိုအခြေအနေ၊ (အပစ်အခတ်ရပ်စဲရေးစာချုပ်) မှာ ဘယ်လိုအခြေအနေလဲ ဆိုတာ အားလုံးသိကြမှာပါ” လို့ ပြောပါတယ်။

သူတို့အတွက် နေ့တိုင်းဟာ ခက်ခဲပြီး ဘယ်လောက်တောင် ဒုက္ခခံနေရတယ်ဆိုတာ သိအောင် ပြောပေးကြပါ ဆိုပြီးလည်း ပြောထားပါတယ်။

ဂျေရုဆလင်မြို့ပြင်ရှိ မယ်ဗာဆရတ် ဇီအွန်မှာ နေထိုင်တဲ့ ဘိုးဘော့ထ်မှာ ၄ နှစ်အရွယ် ကလေးတယောက်နဲ့ ဇနီးတယောက် ရှိပါတယ်။

ဓားစာခံတွေရဲ့ အထောက်အထားကို ဓားစာခံတွေနဲ့ ပျောက်ဆုံးနေတဲ့ မိသားစုများဖိုရမ်က အရင်က ထုတ်ပြန်ခဲ့တဲ့ သူတို့ရဲ့ ဖိုင်ဓာတ်ပုံတွေနဲ့ အခု သူတို့ရဲ့မျက်နှာအသွင်အပြင်ဟာ ကိုက်ညီကြောင်း အတည်ပြုထားပါတယ်။

အစ္စရေးက စစ်တပ်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ပထမဆုံး အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ဟားမတ်စ်ကို စစ်ရေးဖိအားပေးခဲ့တာကြောင့် ဓားစာခံ ၈၀ လောက် ပြန်လွတ်လာခဲ့တယ်လို့ ပြောပါတယ်။

ဟားမတ်စ်က အဆိုပြုထားတဲ့ သဘောတူညီချက်တွေကို လက်ခံဖို့ ငြင်းဆိုထားပြီး စစ်ရေးအရ ဖိအားပေးမှုကသာလျှင် ကျန်ရှိ ဓားစာခံ ၅၉ ယောက်ကို လွှတ်ပေးဖို့ အသေချာဆုံးနည်းလမ်း ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

စစ်ပွဲအဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေကို စတင်ဖို့နဲ့ သူ့တပ်ဖွဲ့တွေကို ဂါဇာကနေ ဆုတ်ခွာဖို့ ငြင်းဆိုလိုက်ခြင်းအားဖြင့် ဇန်နဝါရီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တာဖြစ်ကြောင်း ဟားမတ်စ်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့လည်း ညှိနှိုင်းဖို့ ဆန္ဒရှိနေတုန်းပဲလို့ ဟားမတ်စ်က ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013