
ဘိုလီးဗီးယားနိုင်ငံမှာ ရာသီဥတု ပြောင်းလဲမှု အခြေအနေ ပိုဆိုးလာပြီး မတ် ၂၃ ရက်က အယ်လ်အော်တိုမြို့မှာ မိုးသီးမုန်တိုင်း ရုတ်တရက် ကျရောက်ခဲ့ပါတယ်။
ရာသီဥတု ဖောက်ပြန်မှုကြောင့် ပြင်းထန်တဲ့ ရာသီဥတု ပေါ်ပေါက်ခဲ့ပြီး အယ်လ်အော်တိုမြို့မှာ နေထိုင်သူတွေနဲ့ ဈေးသည်တွေဟာ မိုးသီးတွေဘေးကနေ ခိုအောင်းဖို့ ကြိုးစားခဲ့ရပြီး စျေးတန်းတွေ၊ ဆိုင်ခန်းတွေကနေ မိုးသီးတွေကို ရှင်းခဲ့ရပါတယ်။
မထင်မှတ်တဲ့ မုန်တိုင်းဟာ ဘိုလီးဗီးယားကို သက်ရောက်နေတဲ့ ပြင်းထန်တဲ့ ရာသီဥတုပုံစံတွေရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဧပြီလအထိ မိုးသည်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဘိုလီးဗီးယားမှာ ပုံမှန်အားဖြင့် မိုးရာသီဟာ မတ်လအထိ ကြာလေ့ရှိပေမဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထူးခြားတဲ့ မိုးရာသီနဲ့ ကြုံတွေ့နေရပါတယ်။
နိုင်ငံမှာရှိတဲ့ အထင်ကရ တီတီကာကာရေကန်ဟာ မိုးရွာသွန်းမှုကြောင့် ရေမျက်နှာပြင်က အမြင့်ဆုံးအဆင့်ကို ရောက်နေပြီး အခြေအနေကို ပိုဆိုးစေတယ်လို့ သတင်းတွေက ဆိုပါတယ်။
သဘာဝဘေးကြောင့် လူနေ အိမ်ခြေ ၈၀၀ နီးပါးပျက်စီးခဲ့ပြီး မိသားစု ၃၆၈၇၀၂ ဦး ထိခိုက်ခဲ့လို့ သဘာဝဘေး ကယ်ဆယ်ရေးအတွက် တုံ့ပြန်မှုအနေနဲ့ ချေးငွေဒေါ်လာ ၇၅ သန်းကို ဘိုလီးဗီးယား ဥပဒေပြုလွှတ်တော်က မကြာသေးမီက အတည်ပြုခဲ့ပါတယ်။
Source: Reuters