DVB Logo
Home
မြန်မာသတင်း
စင်ကာပူနိုင်ငံသို့ အေဂျင်စီတခုလျှင် တလကို အလုပ်ခေါ်စာ ၅ ဦးသာ ခွင့်ပြု
DVB
·
March 25, 2025
စင်ကာပူနိုင်ငံသို့ အေဂျင်စီတခုလျှင် တလကို အလုပ်ခေါ်စာ ၅ ဦးသာ ခွင့်ပြု
Donate to DVB

ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ စင်ကာပူနိုင်ငံဆီ တလကို အလုပ်ခေါ်စာ ၅ ယောက်စီပဲ တင်ခွင့်ပေးမယ်လို့ စစ်ကောင်စီသြဇာခံအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်နဲ့ပတ်သက်လို့ နိုင်ငံအလိုက် ကန့်သတ်ဦးရေကို ထုတ်ပြန်နေတာဖြစ်ပြီး စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာ တင်ခွင့်အရေအတွက်ကိုပါ ကြေညာလိုက်တာဖြစ်ပါတယ်။ 

တခြားနိုင်ငံတွေနည်းတူ ဇန်နဝါရီ ၃၀ ရက် မတိုင်ခင် အလုပ်ခေါ်စာ (Demand Letter) တင်ထားတဲ့ အေဂျင်စီတွေအနေနဲ့ ၅ ယောက်ထက်ပိုတဲ့ Demand Letter တွေကို ၅ ယောက်နဲ့ မတ် ၂၅ ရက်မှာ ပြန်တင်ပြဖို့နဲ့ တလကို တကြိမ်ပဲ တင်ပြရမယ်လို့ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

အဲဒီစင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာအသစ်တင်တာတွေကိုတော့ မေလ ၂ ရက်ကစပြီး လက်ခံဆောင်ရွက်ပေးမယ်လို့လည်း အသိပေးထားပါတယ်။ 

စစ်ကောင်စီအနေနဲ့ စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ခွင့် ဦးရေကန့်သတ်မှု မတိုင်ခင် ကလည်း အေဂျင်စီတခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် အယောက် ၅၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ပုဂ္ဂလိကအေဂျင်စီတွေကနေ ၁၀ ယောက်စီပဲ တင်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျန်ရှိတဲ့ နိုင်ငံတွေဆီ အေဂျင်စီတွေကတဆင့် စေလွှတ်ခွင့်ရနိုင်မယ့် လုပ်သားဦးရေ ကန့်သတ်တဲ့စာရင်း ထပ်မံကြေညာဖို့ရှိနေတယ်လို့လည်း ပြည်ပ အလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တချို့က ဆိုပါတယ်။

လုပ်သက်ရင့် အေဂျင်စီလုပ်ငန်းရှင်တယောက်က “ကိုယ်တွေလုပ်ခဲ့တဲ့ သက်တမ်းတလျှောက် လည်း ဒါမျိုးကိစ္စက ပထမဆုံးကြုံဖူးတာ။ အခုလိုကန့်သတ်တာ မတိုင်ခင်ကကို ပြည်ပ အလုပ်အကိုင် စျေးကွက်က ပျက်နေပြီ။ ရပ်တဲ့သူတွေလည်း ရပ်ကုန်ပြီ” လို့ ပြောပါတယ်။

အခုလို အေဂျင်စီတခုချင်းအလိုက် အလုပ်ခေါ်စာတင်ခွင့် ဦးရေကန့်သတ်တာဟာ လူငယ်တွေ ပြည်ပထွက် အလုပ်မလုပ်စေရေးအတွက် တဖက်လှည့်နဲ့ ထိန်းချုပ်ရာရောက်တယ်လို့လည်း အဲဒီ လုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံသားတွေ အလုံးအရင်းနဲ့ ပြည်ပထွက်ခွာနေတာကို ထိန်းချုပ်တဲ့အနေနဲ့ နိုင်ငံအလိုက် စေလွှတ်ခွင့် ဦးရေကို ကန့်သတ်မယ်လို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်း သတင်းတွေ ထွက်ခဲ့ပါတယ်။

လက်ရှိမှာ သတင်းတွေထွက်ခဲ့သလို ကန့်သတ်လာတာဖြစ်သလို အလုပ်ခေါ်စာရရှိရင်တောင် ပြည်ပ ထွက်လုပ်ကိုင်မယ့်အလုပ်သမားတွေ သွားရောက်လုပ်ကိုင်ခွင့်အတွက် ခွင့်ပြုချက် ထပ်မံ တောင်းခံရမယ်ဆိုပြီးလည်း စစ်ကောင်စီက တင်းကျပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013