
တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (CDF) 2025 ကို တရုတ်မြို့တော် ပေကျင်းမှာ မတ် ၂၃ ရက်က စတင် ၂ ရက်ကြာ ကျင်းပနေတာမှာ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေက အကြီးတန်း အမှုဆောင်တွေနဲ့ စီးပွားရေးခေါင်းဆောင် ၈၀ ကျော်တို့တက်ရောက်ပြီး အဓိက တိုးတက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
Apple၊ Siemens၊ BMW နဲ့ မာစီဒီးတို့လို ကမ္ဘာလုံးဆိုင်ရာနာမည်ကြီး ကုမ္ပဏီတွေ တက်ရောက်ကြပြီး အမေရိကန်ကုမ္ပဏီတွေ စုစုပေါင်း ၂၇ ခု ပါဝင်လို့ အကြီးဆုံး စီးပွားရေး အုပ်စုတွေပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ခဲ့ပါတယ်။
ပါဝင်တက်ရောက်တဲ့ နိုင်ငံပေါင်းစုံက လုပ်ငန်းတွေဟာ ဘဏ္ဍာရေး၊ အာမခံ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စွမ်းအင်တို့နဲ့ အတူ ကျယ်ပြန့်တဲ့ စက်မှုလုပ်ငန်းနယ်ပယ်တွေကို လွှမ်းခြုံထားပါတယ်။
Siemens AG ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သလို CDF 2025 ရဲ့ တွဲဖက် သဘာပတိ ဟိုလန်ဘွတ်ရှ်က အဆင့်မြင့် လမ်းဖွင့်မှုနဲ့ တရားမျှတတဲ့ ယှဉ်ပြိုင်မှုရှိတဲ့ စျေးကွက်ပတ်ဝန်းကျင်ကို မြှင့်တင်ဖို့ တရုတ်နိုင်ငံရဲ့ စူးစိုက်နှစ်မြှုပ်မှု အလေးပေးပြောကြားခဲ့ပါတယ်။
Apple ရဲ့ CEO တင်မ်ကွတ်ခ်လည်း ဒီဖိုရမ်ကို တက်ရောက်ခဲ့ပြီး တရုတ်အစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ စီးပွားရေးဖိုရမ်တခုအနေနဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဟာ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေအကြား ဆွေးနွေးမှုတွေအတွက် အရေးပါတဲ့ ပလက်ဖောင်းတခု ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဖို့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ်အစိုးရ ရုပ်သံ CCTV က ထုတ်လွှင့်ပါတယ်။
Source : Reuters