DVB Logo
Home
နိုင်ငံတကာ
F-47 ဂျက်တိုက်လေယာဉ်တည်ဆောက်ရန် ဘိုးရင်းကုမ္ပဏီကို ထရမ့်ပ် ကန်ထရိုက်ပေး 
DVB
·
March 24, 2025
F-47 ဂျက်တိုက်လေယာဉ်တည်ဆောက်ရန် ဘိုးရင်းကုမ္ပဏီကို ထရမ့်ပ် ကန်ထရိုက်ပေး 
Donate to DVB

အမေရိကန်လေတပ်ရဲ့ အဆန်းပြားဆုံး F-47 တိုက်လေယာဉ်တွေ တည်ဆောက်ဖို့ ဘိုးရင်းကော်ပိုရေးရှင်းကို ထရမ့်ပ်က မတ် ၂၁ ရက်မှာ စာချုပ် ပေးအပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတ ထရမ့်ပ်က ဂျက်လေယာဉ်သစ်ရဲ့ နာမည် F-47 ကို ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ မတ် ၂၁ ရက်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဇက်နဲ့အတူ ဘိုးရင်းရဲ့ F-47 ဂျက်တိုက်လေယာဉ် စာချုပ်အကြောင်း၊ ပင်တဂွန်မှာ အီလွန်မတ်စ်ခ်ရဲ့ အစည်းအဝေးနဲ့ ရုရှား-ယူကရိန်းစစ်ပွဲ မကြာမီအချိန်အတွင်း အပစ်အခတ်ရပ်စဲရေး အပါအဝင် အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ပါတယ်။

အီလွန်မတ်စ်ခ်နဲ့ မတ် ၂၁ ရက် ပင်တဂွန်မှာ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ထရမ့်ပ်က မတ်စ်ခ်ဟာ ကုန်ကျစရိတ်တွေကို ဖြေရှင်းဖို့ ရှိနေတယ်လို့ ပြောပါတယ်။

မောင်းသူမဲ့ လေယာဉ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ တည်ဆောက်ထားတဲ့ လော့ခ်ဟိဒ်မာတင် ကော်ပိုရေးရှင်းထုတ် မောင်းသူပါလေယာဉ် F-22 Raptor ကို Next Generation Air Dominance အစီအစဉ်က အစားထိုးမှာပါ။

တရုတ်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဘယ်စစ်ပွဲအတွက်မဆို အမေရိကန်ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး မတ်စ်ခ်က ရှင်းလင်းတင်ပြတာကို နားထောင်ခဲ့တယ် ဆိုတဲ့ နယူးယောက်ခ်တိုင်းမ်စ် သတင်းဌာနရဲ့  အစီရင်ခံစာကို ပယ်ချခဲ့တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲ မကြာခင်မှာ အပစ်အခတ်ရပ်စဲရေး အပြည့်အ၀ ရှိလာမယ်လို့ ထင်တယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ယူကရိန်းတပ်တွေ ဆုတ်ခွာနေတဲ့ နယ်စပ်ဒေသမှာ ရုရှား ဓာတ်ငွေ့တွန်းစခန်းကို ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းတို့ သောကြာနေ့က အပြန်အလှန် စွပ်စွဲနေချိန်မှာ ထရမ့်ပ်က ခုလို မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။

အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုကို ဆိုင်းငံ့ထားဖို့ ဆွေးနွေးမှုတွေကြားမှာ ထရမ့်ပ်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013