DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
March 24, 2025
မိုးဗြဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး လက်နက်နှင့် အလင်းဝင်
Donate to DVB

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မိုးဗြဲ စစ်မျက်နှာပြင်ကနေ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရှေ့တန်းရောက်လာတဲ့ တပ်သားတယောက် အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ လင်းယုန်တပ်ခွဲဆီမှာ လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ တပ်ရင်းက မတ် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ခမရ ၅၀၈ တပ်ရင်းကနေ ရွှေ့ပြီး ခမရ ၄၂၂ မှာ တာဝန်ထမ်းဆောင်နေရချိန် MA1 သေနတ်နဲ့အတူ ထွက်ပြေးလာခဲ့ပြီး စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရတဲ့အပြင် မတရားစေခိုင်းတာတွေကို မခံစားနိုင်တဲ့အတွက် ထွက်ပြေးလာတာလို့ သိရပါတယ်။

Mobye PDF တာဝန်ရှိသူက “သူ့ကို သိန်း ၂၀ ဆုချီးမြှင့်တယ်၊ သူ့အနေနဲ့ ၁၀ သိန်း ပြန်ပြီးလှူတာ ရှိတယ်။ အလင်းဝင်ဖို့ ကြိုးစားနေသူတွေကို အမြဲတမ်း ကြိုဆိုတယ်။ ကျန်တဲ့သူတွေကိုလည်း အမြန်ဆုံး အလင်းဝင်ကြဖို့ တိုက်တွန်းတယ်။ ရရာနည်းနဲ့ အလင်းဝင်ကြဖို့ပေါ့နော်။ မဟုတ်ရင် ရှေ့တန်းမှာပဲ ကျဆုံးဖို့ များတာပေါ့နော်” လို့ ပြောပါတယ်။

အလင်းဝင်လာသူက စစ်မှုထမ်း အပတ်စဉ် ၅ ကဖြစ်ပြီး ခုလက်ရှိမှာတော့ ဘေးကင်းလုံခြုံတဲ့ ထိန်းသိမ်းရေးဌာနကို လွှဲပြောင်းပေးဖို့ ပြင်ဆင်ပေးနေတယ်လို့ ဆိုပါတယ်။

မိုးဗြဲတိုက်ပွဲကနေ Mobye PDF ဆီမှာ အလင်းဝင်လာသူ ၂ ယောက်ရှိပြီး ကျန်တဲ့ တော်လှန်ရေးအင်အားစုတွေဆီမှာလည်း အလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေတယ်လို့ တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ဒီနေ့အထိ ပြင်းထန်နေကာ စစ်ကောင်စီတပ်က မိုးဗြဲကို ရဖို့ အင်အားသုံး ထိုးစစ်ဆင်နေပေမဲ့ အကျအဆုံး များနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013