DVB Logo
Home
နိုင်ငံတကာ
ပုပ်ရဟန်းမင်းကြီး ဆေးရုံမှ ယနေ့ ဆင်းမည်
DVB
·
March 23, 2025
ပုပ်ရဟန်းမင်းကြီး ဆေးရုံမှ ယနေ့ ဆင်းမည်
Donate to DVB

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မတ် ၂၃ ရက်နေ့ (တနင်္ဂနွေနေ့)မှာ ရောမမြို့ ဂျမဲလီ ဆေးရုံကနေဆင်းမှာဖြစ်ပြီး ဗာတီကန်မှာ အနည်းဆုံး ၂ လ အနားယူဖို့ လိုအပ်တယ်လို့ ကုသပေးနေတဲ့ ဆရာဝန်တွေက အတည်ပြုပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ရဟန်းမင်းဟာ ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီးတော့ အဆုတ်နှစ်ဖက်လုံး နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ပွားတဲ့အတွက် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကတည်းက ဆေးရုံတက်ကုသခဲ့ရတာဖြစ်ပါတယ်။

ဆေးရုံမှာ ၅ ပတ်နေခဲ့ရချိန်ကာလအတွင်းမှာ အသက်အန္တရာယ် စိုးရိမ်စရာပြင်းထန်အခြေအနေ နှစ်ကြိမ်ကြုံခဲ့ရတယ်လို့ ဒေါက်တာ ဆာဂျီယို အယ်လ်ဖီရီက ပြောပါတယ်။ 

ပုပ်ရဟန်းမင်းကြီးဟာ လုံးဝသက်သာသွားတာမျိုးမဟုတ်သေးပေမဲ့ နမိုးနီးယားမရှိတော့သလို တည်ငြိမ်တဲ့ အခြေအနေရောက်သွားပြီလို့ ကုသပေးနေတဲ့ ဆရာဝန်တွေက မတ် ၂၂ ရက်နေ့က အတည်ပြုပါတယ်။ 

အဆုတ်နှစ်ဖက်လုံးနမိုးနီးယားဖြစ်တဲ့ လူနာတွေဟာ အသံနည်းနည်းထိခိုက်ပြီး၊ အထူးသဖြင့် အသက်ကြီးပိုင်းမှာ ပိုသိသာတဲ့အတွက် ရဟန်းမင်းကြီးရဲ့အသံ ပုံမှန်ပြန်ဖြစ်ဖို့တော့ အချိန်ယူရမယ်လို့ ဆရာဝန်တွေကပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013