DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုအလယ်ပိုင်းရှိ လျှို့ဝှက်မူးယစ်ဆေးဓာတ်ခွဲခန်းကို ဖြိုခွင်း
DVB
·
March 23, 2025
မက္ကဆီကိုအလယ်ပိုင်းရှိ လျှို့ဝှက်မူးယစ်ဆေးဓာတ်ခွဲခန်းကို ဖြိုခွင်း
Donate to DVB

မက္ကဆီကိုရေတပ်ဟာ တခြားလုံခြုံရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မတ် ၂၀ ရက်က  နိုင်ငံအလယ်ပိုင်း ဇာကာတဲကာ့စ်ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုမှာ မက်သာဖက်တမင်း စိတ်ကြွဆေးထုတ်လုပ်ရေးအတွက် လျှို့ဝှက်ဓာတ်ခွဲခန်းနဲ့ ဓာတုဗေဒပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေရာမှာ လျှို့ဝှက်ဓာတ်ခွဲခန်းတွေ အစုလိုက်အပြုံလိုက်တည်ရှိနေပြီး ဓာတုဆေးဝါးတွေ ထုတ်လုပ်ခြင်းနဲ့ အသေးစိပ်လုပ်ငန်းစဉ်တွေအတွက် ရာဇ၀တ်ဂိုဏ်းတွေ အသုံးပြုကြတဲ့ ကိရိယာမျိုးစုံကိုလည်း တွေ့ရှိခဲ့တယ်လို့ ရေတပ်ကြေညာချက်က ဆိုပါတယ်။

စတုရန်းမီတာ  ၄ သိန်း နီးပါး ဧရိယာရှိတဲ့ အဆောက်အဦထဲမှာ ဘန်းဇေလ်ကလိုရိုဒ် အပါအဝင် ပစ္စည်းအမျိုးမျိုး ၆၃,၁၀၀ လီတာ နဲ့ ကော့စတစ်ဆော်ဒါ ၁၂၅ ကီလိုဂရမ် တို့ကို ဖမ်းဆီးရမိကြောင်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့ပြီးတော့ ဓာတုဆေးဝါးတွေ ထုတ်လုပ်မှုအတွက် ထပ်အသုံးပြုလို့မရတော့အောင် တားမြစ်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ရေတပ်ရဲ့ အဆိုအရ လျှို့ဝှက်ဓာတ်ခွဲခန်း အဆောက်အဦကြီးကို ဆီနာလိုအာကာတဲလ်ရဲ့ အဖွဲ့ခွဲတစ်ခုဖြစ်တဲ့ လော့စ်ချာပီတိုနဲ့ အချိတ်အဆက်ရှိတဲ့ အစီအစဉ်တမျိုးနဲ့ လည်ပတ်လုပ်ကိုင်နေတာ လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကြောင့် မက်သာဖက်တမင်း စိတ်ကြွဆေး ၂၇,၉၃၀ ကီလိုဂရမ် ထုတ်လုပ်မှုကို တားဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013