
ရမ်ဇာန်လအတွင်း ဆော်ဒီအာရေဗျနိုင်ငံမှာ မွတ်စလင်ဘုရားဖူးခရီးစဉ်အတွင်း ဘတ်စ်ကား တိုက်မှုကြောင့် အင်ဒိုနီးရှားလူမျိုး ၆ ယောက် သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိသွားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ် ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
မတ် ၂၀ ရက်က ဂျဒ်ဒါမြို့ အပြင်ဘက် ကီလိုမီတာ ၁၅၀ (၉၃ မိုင်) အကွာမှာ မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံမှ အွမ်းမ်ရာ ဘုရားဖူးခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ရုတ်တရက် ကွေ့ချလိုက်တဲ့ ဂျစ်ကားကို တိုက်မိပြီးတော့ တိမ်းမှောက်သွားကာ လမ်း တဖက်ခြမ်း မှာ ယာဉ် ၂ စီးလုံး မီးလောင်သွားကြောင်း ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားကောင် စစ်ဝန်ရုံးမှ အကြီးတန်းအရာရှိ ယူဆရွန် ဘာဆရီက ပြောပါတယ်။
အရင်ရရှိထားတဲ့ အချက်အလက်တွေအရ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး မတော်တဆမှု တခု ဖြစ်ခဲ့ကြောင်း သတင်းရလို့ ကောင်စစ်ဝန်ချုပ်ရဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို အခင်းဖြစ်ရာ ဆီ ချက်ချင်းစေလွှတ်ခဲ့ရာမှာ အင်ဒိုနီးရှားနိုင်ငံ အွမ်းမ်ရာ ဘုရားဖူးဘတ်စ်ကား မတော်တဆမှု ဖြစ်နေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူ အများအပြားကို ဆေးရုံတွေမှာ ကုသပေးနေပြီး အွမ်းမ်ရာ မက္ကာ ဘုရားဖူးခရီးစဉ်မှာ သေဆုံး ဒဏ်ရာရကြသူတွေ အားလုံးရဲ့ မိသားစုတွေဆီကိုလည်း အကြောင်းကြားထားတယ် လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
မတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အင်ဒိုနီးရှား အွမ်းမ်ရာ ဘုရားဖူးခရီးသည်တွေထဲမှာ စုစုပေါင်း လူ ၂၀ လောက် ပါဝင်ပြီး ခရီးစဉ်ခေါင်းဆောင်နဲ့ ခရီးသွားအေဂျင်စီက အရာရှိ ၂ ယောက် လည်း ပါဝင်ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိသူ သုံးဦးကို ဆော်ဒီအာရေးဗီးယားရှိ ဆေးရုံတွေမှာ ကုသမှု ခံယူ နေရဆဲဖြစ်ပြီး ကျန် ၁၁ ဦးကတော့ မက္ကာမှာရှိတဲ့ ဟိုတယ်တွေကို သွားကြပြီလို့လည်း ယူဆရွန် ဘာဆရီ က ပြောဆိုပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မွတ်ဆလင် အများစုနေထိုင်တဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံသား ၁ သန်း လောက်ဟာ ဆော်ဒီအာရေဗျရှိ အစ္စလာမ်ဘာသာရဲ့ အမြင့်မြတ်ဆုံးနေရာ ၂ ခုဖြစ်တဲ့ မက္ကာနဲ့ မဒီနာ ကို အွမ်းမ်ရာ ဘုရားဖူးခရီးစဉ် နှစ်စဉ် ထွက်ကြလေ့ရှိပါတယ်။
Source;Reuters











