DVB Logo
Home
မြန်မာသတင်း
မလုံခြုံသော သဘာဝအမွေ ဓာတ်ပုံပြပွဲ ကျင်းပ
DVB
·
November 2, 2014
မလုံခြုံသော သဘာဝအမွေ ဓာတ်ပုံပြပွဲ ကျင်းပ
1 / 4
Donate to DVB

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းသွားရာ လမ်းတလျှောက် ကျေးလက်ဒေသတွေက အခက်အခဲတွေကို ထင်ဟပ်စေတဲ့ ဓာတ်ပုံပြပွဲတခုကို မကွေးမြို့မှာ ကျင်းပနေပါတယ်။

myanmar-china gas“မလုံခြုံသော သဘာဝအမွေ” လို့ အမည်ပေးထားတဲ့ ဓာတ်ပုံပြပွဲကို မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်မှာရှိတဲ့ မကွေးတိုင်းတောင်သူလယ်သမား သမဂ္ဂခန်းမမှာ ဧရာဝတီမြစ် အနောက်ဘက်ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုအဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့က စတင်ကျင်းပနေတာပါ။

ဓာတ်ပုံပြပွဲမှာ ပိုက်လိုင်း ဖြတ်သန်းသွားရာဒေသက လူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အခုချိန်ထိ မကွေးတိုင်း ငဖဲမြို့နယ်မှာ လယ်ဧက ၁၀၀ ကျော်နဲ့ လျော်ကြေးမရသေးတဲ့ တောင်သူ ၁၇ ဦး ရှိသေးတယ်လို့ ပြပွဲစီစဉ်သူတဦးက ပြောပါတယ်။

[caption id="attachment_69619" align="alignright" width="300"]u thant zin ဦးသန့်ဇင်[/caption]

မင်းဘူးမြို့ ဧရာဝတီမြစ် အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုအဖွဲ့ဝင် ဦးသန့်ဇင်က “အဓိက ဘာလဲဆိုတော့ လျော်ကြေးမယူတဲ့ ၁၇ ဦး ကျန်ရှိနေသေး တယ်။ လျော်ကြေးမယူတဲ့ ၁၇ ဦးက ဘာဖြစ်လို့ ကျန်ရှိနေတာလဲဆိုတော့ အရင်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ MOGE ငွေပေးချေရေး အဖွဲ့ရယ် ဒေသခံတွေနဲ့ဆုံးဖြတ်ပြီးတော့ ငွေကြေးအမောင့်ကို သတ်မှတ်တဲ့အခါမှာ ၇၀ ရာခိုင်နှုန်း လျော်ပါမယ်လို့ ကတိက၀တ်ပြုထားတဲ့ လက်မှတ်ထိုးထားတဲ့ စာရွက်စာတမ်းတွေ ကျနော်တို့မှာ ရှိနေတယ်။ ဓာတ်ပုံပြပွဲနဲ့ ဆက်စပ်တဲ့ စာအုပ်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ လျော်ကြေးကို အပြီးအပြတ်လျော်လိုက်တယ်။ အပြီးအပြတ် လျော်တယ်ဆိုပေမယ့်လျော်ကြေးက ၃၀ ရာခိုင်နှုန်းပဲ လျော်တဲ့အတွက် မသိတဲ့လူတွေက ယူလိုက်ပေမယ့် သိတဲ့လူတွေက မယူဘဲနဲ့ ခုချိန်ထိကျန်ရှိနေသေးတယ်” လို့ ပြောပါတယ်။

မြန်မာ-တရုတ် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့အတွက် မကွေးတိုငိး ငဖဲမြို့နယ်ထဲက လယ်တွေကို ၂၀၁၂ မှာ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_69620" align="alignright" width="300"]ဦးကောက်ရ ဦးကောက်ရ[/caption]

ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာနေ လျော်ကြေး မရသေးတဲ့ တောင်သူ ဦးကောက်ရက “အခုဆို ကျနော်တို့ ၀ယ်စားရတာ ၅၅၀၀ ဈေး၊ ကျနော်တို့ ၂ နှစ် စပါးမစိုက်ရတဲ့အတွက် ၀ယ်စားနေရပါတယ်။ ၀ယ်စားနေရတော့ ပညာရေးမှာလည်း သားသမီးကျောင်းထား ဖို့ နောက်ကျတယ်။ ကျန်းမားရေးလည်း နောက်ကျတယ်။ လူမှုရေးမှာလည်း ချေးရငှားရမယ်။ အိမ်ဝိုင်းခြံမြေရောင်းစားရမယ်။ ရှိတဲ့နွားတဖက်ဖြုတ်ရမယ်။ လှည်းလည်းရောင်းရမယ်။ လယ်မြေလည်းပေါင်ရမယ်။ တခုခုပေါ့။ ကျနော်တို့ ဒီလိုဖြစ်နေပါတယ်။ ဒါတွေကို ဌာနဆိုင်ရာ အသီးသီးက ပျက်စီးသွားတဲ့ ဟာတွေကို အားလုံးကို သိစေချင်ပါတယ်” လို့ ပြောပါတယ်။

[caption id="attachment_69621" align="alignright" width="300"]ဒေါ်လှရီ ဒေါ်လှရီ[/caption]

ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ ဒေါ်လှရီကလည်း “နောင်ကိုလည်း ရှေ့အလားအလာ ကုမ္ပဏီတွေလာလို့ရှိရင် ဒီနည်းအတိုင်း သွားမှာစိုးရိမ်လို့ ကျမတို့က လျော်ကြေးကို ကူညီမယ့် လူလည်းမရှိဘူး။ စာတင်ရပေါင်းလည်း မနည်းတော့ပါဘူး။ အဲဒီတော့ သူတို့ မလျော်ရင်နေ ကျမတို့က ဒီအတိုင်းပဲနေတော့မှာ။ မသမာ အလုပ်လုပ်ကြတာ လူကြီးလုပ်နေပြီးတော့ လူကြီးပီပီ ပြင်လုပ်ကြပါလို့ ကျမဒါကိုပြောချင်တယ်” လို့ ဆိုပါတယ်။

မလုံခြုံသော သဘာဝအမွေ ဓာတ်ပုံပြပွဲကို နိုဝင်ဘာ ၃ ရက်နေ့ထိ ပြသထားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013