
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ပြည်နှင်လိုက်တဲ့ မြန်မာ ၂ ယောက်ကို ကြိုဆို လက်ခံ သွားမယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၁ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
ပထမအသုတ်အဖြစ် ပြည်နှင်ခံရတဲ့ ၂ ယောက်ဟာ မတ် ၁၉ ရက်မှာ ၁ ယောက်၊ မတ် ၂၈ ရက်မှာ ၁ ယောက်၊ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံကို သီးခြားစီ ပြန်ရောက်မယ်လို့လည်း ထုတ်ပြန်ချက် မှာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ထားတာ မရှိ ပါဘူး။
အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာ စတဲ့ တရားဝင်အထောက်အထားတွေ သက်တမ်းကုန်ဆုံးနေရင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အဖြစ်သတ်မှတ်ခံရပြီး ပြည်နှင်ခံရနိုင်တာကြောင့် နေထိုင်ခွင့်အထောက်အထားတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လျှောက်ကြဖို့ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးက သတိပေးထား ပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လာရောက်လျှောက်ထားနိုင်တယ်လို့လည်း ဖေဖော်ဝါရီ ၅ ရက်တုန်းက ဝါရှင်တန်မြို့ မြန်မာသံရုံးက ထုတ်ပြန်ခဲ့ပါသေးတယ်။