DVB Logo
Home
အားကစား
အိုလံပစ် ၇ ဆုရှင် ဇင်ဘာဘွေ ရေကူးမယ် ကိုဗန်ထရီ IOC ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရ
DVB
·
March 22, 2025
အိုလံပစ် ၇ ဆုရှင် ဇင်ဘာဘွေ ရေကူးမယ် ကိုဗန်ထရီ IOC ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံရ
Donate to DVB

အိုလံပစ် ၇ ဆုရှင် ခရစ်တီကိုဗန်ထရီဟာ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ရဲ့ ၁၀ ယောက်မြောက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး ပထမဆုံး အမျိုးသမီးခန့်အပ်ခံရမှုဖြစ်ကာ အာဖရိကတိုက် ကိုယ်စားပြု ပထမဆုံး ခန့်အပ်ခံရသူ ဖြစ်လာပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ ကိုဗန်ထရီဟာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ရာထူးအတွက် တခြား လျှောက်ထားသူ ၇ ယောက်နဲ့ ယှဉ်ပြိုင်ပြီးနောက် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

အိုလံပစ်ဥက္ကဋ္ဌရာထူးကို ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တိုမတ်စ်ဘတ်ချ် နေရာမှာ ဇွန် ၂၄ ရက်ကစပြီး ကိုဗန်ထရီက ဆက်ခံရမှာဖြစ်ပါတယ်။

၂၁ ရာစု အိုလံပစ်ပြိုင်ပွဲတွေမှာ လိင်သတ်မှတ်မှုနဲ့ တန်းတူညီမျှရေးအတွက် စိစစ်မှုတွေ များပြားလာသလို မေးခွန်းထုတ်မှုတွေလည်း များပြားလာတဲ့အချိန်မှာ ကိုဗန်ထရီက ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ကိုဗန်ထရီက “ဒီအချိန်က အရမ်းထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ အသက် ၉ နှစ်အရွယ် မိန်းကလေး တယောက်က တနေ့မှာ ဒီလိုနေရာမှာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး” လို့ ရွေးချယ်ခံရအပြီးမှာ ပြောခဲ့ပါတယ်။

ကိုဗန်ထရီဟာ ဇင်ဘာဘွေနိုင်ငံရဲ့ အိုလံပစ် ဆုတံဆိပ် ၈ ခုအနက် ၇ ခုကို ရေကူးအားကစားမယ်အဖြစ် ရယူပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

အိုလံပစ်ကော်မတီဥက္ကဋ္ဌ ရွေးပွဲ မဲပေးမှုမှာ ကိုဗန်ထရီက ၄၉ မဲရပြီး ဒုတိယနေရာက ယှဉ်ပြိုင်သူက ၂၈ မဲရရှိတာ တွေ့ရပါတယ်။

ကိုဗန်ထရီအတွက် ပထမဆုံးကိုင်တွယ်ရမယ့် အိုလံပစ်ပွဲကတော့ လာမယ့်နှစ် အီတလီမှာ ပြုလုပ်မယ့် ဆောင်းရာသီ အိုလံပစ်ပွဲပဲ ဖြစ်ပါတယ်။

ကိုဗန်ထရီရဲ့ ပထမဆုံး အမှာစကားပြောကြားမှုထဲမှာ အားကစားလောက မညီမျှမှုတွေကို အဓိကထား ပြောဆိုခဲ့တာ တွေ့ရပါတယ်။

အမျိုးသမီးတွေရဲ့ အားကစားလှုပ်ရှားမှုကို ကာကွယ်ဖို့နဲ့ အဆင့်တိုင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး တူညီမှုရရှိစေဖို့ အရှိန်မြှင့်သွားဖို့လည်း ကိုဗန်ထရီက ဆန္ဒရှိနေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013