DVB Logo
Home
နိုင်ငံတကာ
ဂျာမန်ကုမ္ပဏီ Siemens က ကမ္ဘာတဝန်း အလုပ်နေရာ ၆,၀၀၀ ကျော် လျှော့ချမည်
DVB
·
March 21, 2025
ဂျာမန်ကုမ္ပဏီ Siemens က ကမ္ဘာတဝန်း အလုပ်နေရာ ၆,၀၀၀ ကျော် လျှော့ချမည်
Donate to DVB

ဂျာမန်စက်မှုလုပ်ငန်းကြီး Siemens က သူ့ရဲ့ တကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အား ၂ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုတဲ့ ကမ္ဘာတဝန်းက အလုပ်အကိုင် ၆,၀၀၀ ကျော်ကို ဖြတ်တောက်မယ့် အစီအစဉ်ကို အင်္ဂါနေ့မှာ ကြေညာခဲ့ပါတယ်။

Siemens က သူ့ရဲ့၀က်ဘ်ဆိုက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အလိုအလျောက်စနစ်နဲ့ လျှပ်စစ်ကား အားသွင်းခြင်းလုပ်ငန်းကို ပြန်ဖွဲ့စည်းဖို့ ရည်ရွယ်ချက်တွေကို အနှစ်ချုပ် ဖော်ပြထားပါတယ်။

တိုးတက်ဖို့ ဦးတည်တဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ အနာဂတ်မှာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်တွေကိုလည်း ဖော်ပြထားပါတယ်။

ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ဖိအားတွေနဲ့အတူ အလိုအလျောက် စနစ်သုံး စက်မှုလုပ်ငန်းဟာ ၂၀၂၃ ဘဏ္ဍာနှစ်ကစပြီး အမှာစာတွေနဲ့ ဝင်ငွေတွေ သိသိသာသာ လျော့ကျလာမယ်လို့ အရှိတရား အခြေပြု ခန့်မှန်းထားပါတယ်။

စက်တင်ဘာ ၃၀၊ ၂၀၂၇ ဘဏ္ဍာရေးနှစ်အကုန်မှာ Siemens ဟာ သူ့ရဲ့ အလိုအလျောက်စနစ် ဌာနခွဲအတွင်း တကမ္ဘာလုံးမှာ ရာထူးပေါင်း ၅,၆၀၀ လောက်ကို လျှော့ချဖြတ်တောက်ဖို့ စီစဉ်ထားပြီး ဂျာမနီမှာတော့ ရာထူး ၂,၆၀၀ လောက် အလုပ်ပြုတ်မှာ ဖြစ်ပါတယ်။

တချိန်တည်းမှာ ကုမ္ပဏီဟာ ပါဝါနည်းတဲ့ အားသွင်းစခန်းတွေမှာ အကန့်အသတ် ဖြစ်နိုင်ချေ အလားအလာကြောင့် အမြန်အားသွင်းတဲ့ အခြေခံ အဆောက်အအုံတွေလို နယ်ပယ်တွေဆီ မဟာဗျူဟာကျကျ ပြောင်းဖို့ ညွှန်ပြခဲ့ပါတယ်။

ရလဒ်အနေနဲ့ ၂၀၂၅ ဘဏ္ဍာနှစ်အကုန်မှာ ကုမ္ပဏီက ဂျာမနီမှာ အလုပ်နေရာ ၂၅၀ လောက် အပါအဝင် လျှပ်စစ်ကားအားသွင်းလုပ်ငန်းက လူပေါင်း ၁,၃၀၀ ထဲက အယောက် ၄၅၀ လောက်ကို အင်အားလျှော့ချဖို့ စီစဉ်ထားပါတယ်။

Siemens က ကုမ္ပဏီအတွင်း အလုပ်နေရာချထားရာမှာ ဂျာမနီနိုင်ငံထဲက ထိခိုက်ခံစားရသူတွေကို ကူညီပေးဖို့ သူ့ကတိကဝတ်ကို အသိအမှတ်ပြုပြီး ဂျာမနီနိုင်ငံထဲက Siemens ရဲ့ လုပ်ငန်းခွင်တွေမှာ  အလုပ်ခန့်ထားသူတွေထဲက အသက်အရွယ်အရ အငြိမ်းစားယူမယ်လို့ အသိအမှတ်ပြု ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအထိ Siemens ဟာ ဂျာမနီမှာ အခြေစိုက်တဲ့ ဝန်ထမ်းပေါင်း ၈၆,၀၀၀ လောက် အပါအဝင် တကမ္ဘာလုံးမှာ လူပေါင်း ၃၁၃,၀၀၀ လောက်ကို အလုပ်ခန့်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013