
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ မတ် ၁၉ ရက်က အနောက်ဘက်ကမ်းရှိ လျှို့ဝှက်တပ်စခန်းကို သွားရောက်ခဲ့ပြီး တပ်ဖွဲ့ခေါင်းဆောင်ဆီက စစ်ဆင်ရေးဆိုင်ရာ သတင်းပို့ ရှင်းလင်းချက်တခုကို လက်ခံရယူခဲ့ပါတယ်။
နေတန်ယာဟုက သူဟာ ရှေ့တန်းတပ်ဖြစ်တဲ့ ဟူဒါးနဲ့ ရွှမ်ဝန်း လျှို့ဝှက်အခြေစိုက်တပ်စခန်းမှာ ရောက်ရှိနေတာဖြစ်ပြီး တပ်ဖွဲ့ဟာ စိမ့်ဝင်ပြီးတော့ အကြမ်းဖက်ရန်သူကို အံ့အားသင့်စေကာ ကိုင်တွယ်ဖြေရှင်းကြတယ်၊ သူတို့ဟာ အစ္စရေးနိုင်ငံကိုယ်စား မြင့်မြတ်တဲ့အလုပ်ကို ရိုးရိုးရှင်းရှင်း လုပ်ကြတယ်လို့ ပြောပြပါတယ်။
နေတန်ယာဟုက“ဒါက အမြဲတမ်း အရေးကြီးပေမဲ့ အခုချိန်မှာ အထူးအရေးကြီးတာက ဂါဇာကမ်းမြောင်မှာ ဟားမတ်စ်တွေနဲ့ ပြင်းထန်တဲ့စစ်ပွဲတွေ ဆင်နွှဲနေတာကြောင့် ဟူဒါးနဲ့ ရွှမ်ဝန်း တို့မှာ နောက်ထပ် ပိုကြီးမားပြီး ပိုပြင်းထန်တဲ့ ရှေ့တန်းကို ဖွင့်လှစ်နိုင်တယ်ဆိုတာ သတိပြုမိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ အစ္စရေးရဲတပ်ဖွဲ့နဲ့ IDF တို့ဟာ အစ္စရေးရဲ့ အထူးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး အစ္စရေးပြည်သူတွေရဲ့ လုံခြုံရေးအတွက် နိုင်ငံသားတွေကိုယ်စား ရလဒ်တွေ ရလာကြောင်းလည်း ပြောဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ ဟားမတ်စ်ကို ကြိုတင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မတူညီတဲ့ အခြေအနေတွေ အတွက်လည်း အစီအစဉ်တွေရှိကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ နာဒက်ဗ် ရှိုရှာနီက မတ် ၁၉ ရက်မှာ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ကျန်ရှိနေတဲ့ ဓားစာခံ ၅၉ ယောက်ကို လွှတ်ပေးဖို့အတွက် ဟားမတ်စ် စစ်သွေးကြွအဖွဲ့ကို တွန်းအားပေးဖို့ အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး အစ္စရေးလ် ကတ်ဇ်ကလည်း ဂါဇာဒေသခံတွေကို အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ အကြံပေးချက်ကို လိုက်နာသင့်ကြောင်းနဲ့ အစ္စရေးဓားစာခံတွေကို ပြန်ပေးကာ ဟားမတ်စ်တွေကို အာဏာက ဖယ်ရှားလိုက်ဖို့ မတ် ၁၉ ရက်က X ဆိုရှယ်မီဒီယာ ဗီဒီယို ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
Source : Reuters











