DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည် ကိုပါကြီးမိသားစုထံ ပေးသည့် သ၀ဏ်လွှာ မီဒီယာကိုထုတ်ပြန် (ဓာတ်ပုံ)
DVB
·
November 2, 2014
 ဒေါ်အောင်ဆန်းစုကြည် ကိုပါကြီးမိသားစုထံ ပေးသည့် သ၀ဏ်လွှာ မီဒီယာကိုထုတ်ပြန် (ဓာတ်ပုံ)
1 / 16
Donate to DVB

အလွတ်သတင်းထောက် ကိုပါကြီး မိသားစုထံ ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ ဝမ်းနည်းခြင်းသဝဏ်လွှာစာနဲ့ပတ်သက်ပြီး ဇနီးဖြစ်သူက မီဒီယာတွေကို ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

သုံးရောင်ခြယ်အဖွဲ့ဝင် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး အသက် ၄၉ နှစ်အတွက် ရည်စူးပြီး ဆွမ်းဆက်ကပ်လှူးဒါန်းပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သရက်တော အလယ်ကျောင်းတိုက်မှာ ဒီနေ့ နေ့လယ် ကျင်းပခဲ့ပြီးနောက် အခုလို မီဒီယာတွေကို ထုတ်ပြန်ခဲ့တာပါ။

စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က “သမီးမသန္တာ----သားပါကြီးအကြောင်း ကြားရလို့ များစွာ ၀မ်းနည်းရပါတယ်၊ ကျောင်းသားဘ၀ကတည်းက ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ အန်တီတို့နဲ့အတူ ပါလာခဲ့တာကို သတိရနေပါတယ်၊ အခက်အခဲအမျိုးမျိုးကို အတူတူကျော်ဖြတ်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေအားလုံးကလည်း ပါကြီးအတွက် အလွန်စိတ်မချမ်းမြေ့ဖြစ်နေကြရသလို ပွင့်လင်းမြင်သာတဲ့ တရားရေးဖြစ်စဉ်ကိုလည်း မြင်တွေ့ရဖို့ မျှော်လင့်နေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သားပါကြီး ကောင်းရာသုဂတိလားပါစေ၊ သမီးတို့မိသားစု စိတ်ပြေစေမယ့် တရားမျှတမှု ရရှိပါစေ” လို့ စာထဲမှာ ပြောကြားထားပါတယ်။

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - Hnin Hnin Hmway

[gallery ids="69600,69601,69602,69603,69604,69605,69606,69607"]

ဓာတ်ပုံ - ဒီဗွီဘီ

[gallery ids="69610,69611,69612,69613,69614,69615"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013