DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး၊ ၂၀ နီးပါး အရှင်ဖမ်းမိ
DVB
·
March 20, 2025
ချင်းပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံး၊ ၂၀ နီးပါး အရှင်ဖမ်းမိ
Donate to DVB

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂ လတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးကာ အရှင်ဖမ်းမိသူတွေလည်းရှိသလို စစ်ကောင်စီတပ်စခန်းတချို့နဲ့ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) ထုတ်ပြန်ချက်အရ သိရပါတယ်။

မတ်လ ၂၀ ရက် ဒီကနေ့မှာကျရောက်တဲ့ ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ  ထည့်သွင်းဖော်ပြထားတာပါ။

CNF/CNA  အရာရှိတယောက်က “အခုနှစ်စပိုင်းကနေပေါ့ ချင်းပြည်နယ်အတွင်းမှာ ၂ လတာ ကာလမှာ ကျနော်တို့ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တာရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု​ကနေ စစ်တပ် အထိုင်စခန်းတချို့ သိမ်းနိုင်တယ်။ စစ်တပ်ဘက်က ၃၀ နီးပါး သေတယ်” လို့  ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း ၂၀ ဝန်းကျင်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက် ၈၀ နီးပါးနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ချင်းတပ်ဖွဲ့က ဆိုပါတယ်။

CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ချင်းပြည်နယ်အတွင်းမှာ စစ်တပ်က တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာ သက်ရောက်မှုမှန်သမျှ အဆုံးသတ်ပြီးတော့ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ လက်တွဲပြီး စစ်အာဏာရှင် အဆုံးသတ် ကင်းစင်အောင် တိုက်ပွဲဝင်သွားမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြည်သူတွေဆုံးရှုံးခဲ့တဲ့ လူမှုဘဝတွေ ပြန်လည်ထူထောင်ဖို့ နိုင်ငံတကာကအစိုးရတွေ၊ အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေအနေနဲ့လည်း ပံ့ပိုးကူညီပေးကြပါဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

ချင်းပြည်နယ်အတွင်း တော်လှန်ရေးကာလ တိုက်ပွဲတွေထဲမှာ အသက်ပေးလှူသွားခဲ့ကြတဲ့ ရဲဘော်တွေနဲ့ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေအပြင် စွန့်လွှတ်ပေးဆပ် အနစ်နာခံခဲ့တဲ့ ပြည်သူတွေကိုလည်း လေးစားဂုဏ်ပြုပြီး အခုနှစ်ထဲမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ သံရေးတမန်ရေး လှုပ်ရှားမှုတွေကိုလည်း အရှိန်တိုးမြှင့်မယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

CNF/CNA က ဒီကနေ့မှာ ကျရောက်တဲ့ ၃၇ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ  အကျဉ်းသား ၇၂ ယောက်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013