Home
မြန်မာသတင်း
မင်္ဂလာဒုံ မှုခင်းရဲတပ်ဖွဲ့ ကင်းစခန်း မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
March 20, 2025
photo:RUC

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောက်မင်္ဂလာဒုံ လမ်းမကြီးဘေးမှာရှိတဲ့ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့၊ တပ်ခွဲရုံးရဲ့ ကင်းစခန်းကို မတ် ၁၉ ရက် ည ၈ နာရီလောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့  ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့  (RUC) ထံက သိရပါတယ်။

မှုခင်းရဲတပ်ဖွဲ့ရဲ့ ကင်းစခန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် ကင်းစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်  တယောက် ထိခိုက်ဒဏ်ရာရရှိပြီး ညတွင်းချင်း အရေးပေါ် ဆေးရုံပို့ခဲ့ရတယ်လို့ ဆိုပါတယ်။

RUCမြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံရဲဘော် ရဲခေါင်က ”ပြင်းအားမြင့် အဝေးထိန်း မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ အမှတ် ၂ မှုခင်းရဲတပ်ဖွဲ့ရဲ့ တပ်ခွဲရုံး ကင်းစခန်းကို တိုက်ခိုက်ခဲ့တာ ထိခိုက်မှုတော့ရှိတယ်။ ကင်းစောင့်နေတဲ့သူကတော့ သေဖို့များတယ်။ ညတွင်းချင်း ဆေရုံခေါ်သွားတယ်”လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက်လှုပ်ရှားနိုင်ဖို့နဲ့ ရန်ကုန်ကို အလုံးစုံ အုပ်ချုပ်ခွင့် မရစေအရေးအတွက် အသက်ပေးပြီး ဆက်လက် တိုက်ပွဲဝင်သွားဖို့ ကတိသစ္စာပြုကြောင်းနဲ့ ထုတ်ပြန်စာမှာပါတဲ့အတိုင်း သတင်းပိုင်းဆိုင်ရာ မိမိပတ်ဝန်းကျင် ထူးခြားမှုတွေကို ပြည်သူတွေ သတင်းပို့ပေးကြဖို့  ဆိုပါတယ်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Rangoon Urban Column ကလုပ်ဆောင်ခဲ့တာလို့  တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024