DVB Logo
Home
Lead Story
မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် တည်ဆောက်ရေး ကြိုးပမ်းမှုများ (၁၉၅၅-၂၀၂၅)
DVB
·
March 20, 2025
မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် တည်ဆောက်ရေး ကြိုးပမ်းမှုများ (၁၉၅၅-၂၀၂၅)
Donate to DVB

၁၉၅၀ ခုနှစ်များ

၁၉၅၅

မြန်မာ့အဏုမြူစွမ်းအင်ဗဟိုဌာန (AEC) ကို စတင်တည်ထောင်။ 

၁၉၅၇

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို စတင်တည်ထောင်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ဦးဆုံးပါဝင်။ 

၁၉၉၀ ခုနှစ်များ

၁၉၉၂

ဒီဇင်ဘာ ၃ - နျူကလီးယားလက်နက်များ မပြန့်ပွားရေးသဘောတူစာချုပ် (NPT) တွင် လက်မှတ်ရေးထိုး။ 

၁၉၉၅

ဧပြီ ၂၀ - မြန်မာနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့အကြား နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ စာချုပ်နှင့် ပမာဏအနည်းငယ်ဆိုင်ရာ စာချုပ်တို့ကို လက်မှတ်ရေးထိုး။ 

ဒီဇင်ဘာ ၁၅ - အရှေ့တောင်အာရှဒေသ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ် (SEANWFZ) တွင် လက်မှတ်ရေးထိုး။

၁၉၉၆

နိုဝင်ဘာ ၂၅ - နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (CTBT) တွင် လက်မှတ်ရေးထိုး။

၁၉၉၇

ဒီဇင်ဘာ ၁၈ - နျူကလီးယားမတော်တဆမှု အချိန်မီ အသိပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (CENNA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်။

၁၉၉၈

ဇွန် ၈ - အဏုမြူစွမ်းအင်ဥပဒေကို ပြဋ္ဌာန်း။

၂၀၀၀ ပြည့်လွန်နှစ်များ 

၂၀၀၀

ဇူလိုင် - နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားသိပ္ပံနှင့် နည်းပညာဝန်ကြီးတို့ မြန်မာတွင် ၁၀ မဂ္ဂါဝပ်ရှိ နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ရေး ဆွေးနွေး။

စက်တင်ဘာ ၁၅ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ IAEA ထံ နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတည်ဆောက်ရေးနှင့် ပတ်သက်၍ အကူအညီနှင့် အကြံဉာဏ်တောင်းခံ။

ဒီဇင်ဘာ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ရုရှားအဏုမြူစွမ်းအင်ဖက်ဒရေးရှင်း၏ ဖိတ်ကြားချက်အရ ရုရှားသုတေသနအင်စတီကျုများသို့ သွားရောက်လေ့လာခဲ့၊ မြန်မာပညာသင်များ ရုရှားသို့ စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြော။

၂၀၀၁

ဖေဖော်ဝါရီ - ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအား ၁၀-၁၅ မဂ္ဂါဝပ်ထွက်ရှိသော ရေဖြင့်အအေးခံသည့် သုတေသနဓာတ်ပေါင်းဖိုတခုနှင့် အိုင်ဆိုတုပ်ဓာတ်ခွဲခန်း တည်ဆောက်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်း။

ဇွန် - Joint Stock Company Atomstroyexport သည် မြန်မာနိုင်ငံနှင့် နျူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းဖွံ့ဖြိုးရေးအတွက် စာချုပ်ချုပ်ဆို။

ဇွန် ၁၈-၂၁ - IAEA မှ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ တွေ့ရှိချက် အစီရင်ခံစာတစောင် တင်သွင်း။

ဇူလိုင် ၃-၅ - နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ ထပ်မံသွားရောက်ခဲ့ပြီး နျူကလီးယားသုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး။

၂၀၀၂

ဇန်နဝါရီ ၂၁ - မြန်မာနိုင်ငံတွင် နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ရန် ရုရှားနိုင်ငံထံမှ အဆိုပြုကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ကြောင်း အတည်ပြု။

မေ ၁၅ - ရုရှားအစိုးရသည် “မြန်မာနိုင်ငံတွင် နျူကလီးယားသုတေသနစင်တာ တည်ဆောက်ရေးဆိုင်ရာ နှစ်နိုင်ငံအစိုးရအကြား သဘောတူညီချက် ချုပ်ဆိုရေး” အမိန့်ကြေညာစာ ထုတ်ပြန်။

ဇူလိုင် - ရုရှားနှင့် မြန်မာတို့အကြား နျူကလီးယားသုတေသနစင်တာ တည်ဆောက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုး။

၂၀၀၄

ဖေဖော်ဝါရီ ၁၃ - နျူကလီးယားလက်နက် ထုတ်လုပ်ရန် ရည်ရွယ်ချက် မရှိကြောင်းနဲ့ နျူကလီးယားကဏ္ဍကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် တိုးတက်လာရန် လုပ်ဆောင်ခွင့်ရှိကြောင်း ကြေညာ။ 

၂၀၀၆

ဩဂုတ် ၃ - ကုလသမဂ္ဂဆိုင်ရာ မြန်မာ ဒုတိယအမြဲတမ်းကိုယ်စားလှယ်က ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးညီလာခံတွင် မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်များကို ကန့်ကွက်ကြောင်း ပြောကြား။

၂၀၀၇

မေ ၁၅ - မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားသုတေသနစင်တာနှင့် ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး။

၂၀၀၈

နိုဝင်ဘာ - ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် ၁၇ ဦးပါဝင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ ၇ ရက်ကြာ လေ့လာရေးခရီးစဉ်အဖြစ် လျှို့ဝှက်သွားရောက်။

၂၀၁၀ ခုနှစ်များ

၂၀၁၃

စက်တင်ဘာ ၁၇ - မြန်မာနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့အကြား နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး။

၂၀၁၅

ဇွန် ၁၈ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။

၂၀၁၆

စက်တင်ဘာ ၂၁ - နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (CTBT) သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်သည့် စာချွန်လွှာ ပေးအပ်။

ဒီဇင်ဘာ ၆ - နျူကလီးယား လုံခြုံစိတ်ချစွာ သုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း (CNS) နှင့် နျူကလီးယားဆိုင်ရာ ပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (CPPNM) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်။

၂၀၁၈

စက်တင်ဘာ ၂၆ - နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (TPNW) တွင် လက်မှတ်ရေးထိုး။

၂၀၂၀ ခုနှစ်များ

၂၀၂၂

ဇူလိုင် ၁၁ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယားစွမ်းအင် အသုံးချရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။

စက်တင်ဘာ ၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” အား လက်မှတ်ရေးထိုး။

အောက်တိုဘာ ၄ - နျူကလီးယားမတော်တဆမှု (သို့မဟုတ်) ဓာတ်ရောင်ခြည်ပြန့်ပွားမှု အရေးပေါ်အခြေအနေတွင် ကူညီထောက်ပံ့ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CACNARE) တွင် ပါဝင်။

နိုဝင်ဘာ ၁၈ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး။

နိုဝင်ဘာ ၂၁ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom Energy Projects, Joint Stock Company တို့အကြား SMR Project အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ရန် သဘောတူစာချုပ် (NDA) အား လက်မှတ်ရေးထိုး။

နိုဝင်ဘာ ၂၂ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom Energy Projects, Joint Stock Company တို့အကြား SMR Project အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။

ဒီဇင်ဘာ ၁၃ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom Energy Projects, Joint Stock Company တို့အကြား SMR Project ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းအတွက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ (ToR) အား လက်မှတ်ရေးထိုး။

ဒီဇင်ဘာ ၁၃ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား Rosatom တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (IGA) မူကြမ်းကို လက်မှတ်ရေးထိုး။

ဒီဇင်ဘာ ၁၃ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Rosatom International Network တို့အကြား Joint Communication Plan for Increasing Public Acceptance of Atomic Technologies in Myanmar အား လက်မှတ်ရေးထိုး။

၂၀၂၃

ဖေဖော်ဝါရီ ၆ - Nuclear Technology Information Center ဖွင့်လှစ်။

ဖေဖော်ဝါရီ ၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။

ဇွန် ၁၅ - Zeya & Associates Co., Ltd နှင့် Rosatom Healthcare တို့အကြား နျူကလီးယားဆေးပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး။

ဇွန် ၂၈ - SMR Project အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာအား Rosatom မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးအပ်။

ဇွန် ၂၈ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယား အခြေခံအဆောက်အအုံ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။

အောက်တိုဘာ ၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တက္ကသိုလ် ၃ ခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ National Research Nuclear University တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး။

အောက်တိုဘာ ၁၁ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယား အခြေခံအဆောက်အအုံအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး။

၂၀၂၄

မေ ၂၃ - ရုရှားအစိုးရမှ မြန်မာတွင် နျူကလီးယား ဓာတ်အား‌ပေးစက်ရုံ တည်ဆောက်ရေးအတွက် အခြေခံအချက်များ ပါဝင်သည့် သဘောတူညီချက်မူကြမ်းကို အတည်ပြု။

၂၀၂၅

မတ် ၄ - ရုရှား-မြန်မာအကြား အသေးစား အဏုမြူဓာတ်အားပေးစက်ရုံဆောက်လုပ်ရေး သဘောတူညီချက်၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး။

စက်တင်ဘာ ၂၅ - Rosatom Technical Academy နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့။

စက်တင်ဘာ ၂၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော နျူုကလီးယားအခြေခံအဆောက်အအုံဆိုင်ရာ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်း နယ်ပယ်အတွက် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသောရည်ရွယ်ချက်များအတွက် အသုံးပြုမှုနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၅-၂၀၂၆) လက်မှတ်ရေးထိုးခဲ့။

Photo : DVB

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013