
နိုင်ငံအသင်းနဲ့ ပူးပေါင်းချိန်မှာ လီဗာပူးအသင်းနဲ့ ဖြစ်ပျက်ခဲ့တာတွေကို မေ့ထားချင်ကြောင်း တိုက်စစ်မှူး ဒါဝင်နူညက်ဇ်က ပြောသွားပါတယ်။
နူညက်ဇ်ဟာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး အသင်းက ပြိုင်ပွဲကနေ ထွက်ခဲ့ရသလို နယူးကာဆယ်နဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာလည်း ရှုံးနိမ့်ခဲ့ရတာပါ။
ပြီးခဲ့တဲ့တပတ်အတွင်း လီဗာပူးမှာ ဖြစ်ပျက်ခဲ့တာတွေကို ခဏမေ့ထားချင်ပြီး ကစားသမားတယောက်အတွက် နိုင်ငံ့လက်ရွေးစင်အသင်းဂျာစီကို ဝတ်ဆင်ခွင့်ရတာလောက် လှပတဲ့အရာမရှိကြောင်း နူညက်ဇ်က ပြောပါတယ်။
ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပြီး နိုင်ငံအသင်းအတွက်ပဲ အာရုစိုက်ထားကြောင်း တိုက်စစ်မှူး နူညက်ဇ်က ပြောသွားပါတယ်။