
ပြင်သစ်ကလပ် မာဆေးအသင်းဟာ မန်ယူတောင်ပံတိုက်စစ်မှူးဟောင်း ဂရင်းဝုဒ်ကို အသင်းကနေ ထုတ်ပယ်သွားဖို့ ပြင်ဆင်နေပါတယ်။
အသင်းရဲ့ နောက်ဆုံး ၂ ပွဲဆက်တိုက် အရန်ခုံထိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခြင်းမရှိတာကြောင့် နည်းပြဒီဇာဘီနဲ့ အဆင်မပြေ ဖြစ်နေတာပါ။
ဂရင်းဝုဒ်ဟာ အခုနှစ်ရာသီမှာ မာဆေးအသင်းအတွက် ၂၈ ပွဲမှာ ၁၅ ဂိုးသွင်းပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။
ဂရင်းဝုဒ်အပေါ် သူများတွေထက်ပိုပြီး လေးစားမှုရှိကြောင်း၊ လက်ရှိစွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိသေးဘဲ အခုထက်ပိုပြီး ခြေစွမ်းပြသနိုင်ခဲ့သင့်ကြောင်း နည်းပြဒီဇာဘီက ပြောထားပါတယ်။