DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းမြို့တော်၌ ပေါက်ကွဲမှုဖြစ်
DVB
·
March 19, 2025
ယူကရိန်းမြို့တော်၌ ပေါက်ကွဲမှုဖြစ်
Donate to DVB

ယူကရိန်းနိုင်ငံ၊ မြို့တော် ကိယက်ဗ်မှာ မတ် ၁၈ ရက် ညက အချက်ပေးဥဩသံတွေ ဆူညံနေပြီး ကောင်းကင်တခွင်လုံး ပေါက်ကွဲမှုတွေကြောင့် လင်းထိန်နေတာကို တွေ့ရပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ ဖုန်းခေါ်ဆို ဆွေးနွေးအပြီး ယူကရိန်း စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေကို ယာယီ အပစ်အခတ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ ပြောအပြီး မကြာခင် ခုလို ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ အမြဲတမ်းငြိမ်းချမ်းရေး သဘောတူညီချက်ဆီသွားဖို့ ပထမခြေလှမ်းအဖြစ် သမ္မတထရမ့်ပ်က မျှော်လင့်ထားတဲ့ ရက်ပေါင်း ၃၀ အပြည့် အပစ်အခတ်ရပ်စဲရေးကို ထောက်ခံဖို့ကိုတော့ ငြင်းဆိုထားပါတယ်။

၂ နိုင်ငံစလုံးရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ရက်ပေါင်း ၃၀ ကြာ အပစ်အခတ် ရပ်ဆိုင်းထားဖို့ လိုအပ်မယ့် သဘောတူညီချက်ကို ထောက်ခံမယ်လို့ ယူကရိန်းက ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားတပ်တွေ တိုးလာနေချိန်မှာ ပူတင်က အချိန်ကြာကြာ ကစားနိုင်တဲ့ လိုက်လျောမှုတွေ ပေးဖို့ ရှောင်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပူတင်နဲ့ ထရမ့်ပ်တို့ကြား ကာလရှည်ကြာ ဖုန်းပြောအပြီး ငြိမ်းချမ်းရေး အစီအစဥ်ကို ပိုကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေ ချက်ချင်းစမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲမှာ ယူကရိန်း ပါမလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မြို့တော်က ဒေသခံ အများအပြားကတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမယ်လို့ မယုံကြပါဘူး။ ဒီလိုလူတွေနဲ့ ငြိမ်းချမ်းရေးအကြောင်းပြောရင် အနာဂတ်မှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ အသက် ၃၁ နှစ်အရွယ် စီးပွားရေးသမားတယောက်က ​ပြောပါတယ်။

“ကျနော်တို့ အတိတ်မှာ ၂၀၁၄ ခုနှစ်ကစပြီး ရက် ၃၀၊ ၆၀၊ ၉၀ စတဲ့ အပစ်အခတ်ရပ်စဲရေးတွေ ကြုံခဲ့ဖူးပြီးပြီ၊ ဘာကောင်းကျိုးမှ ဆောင်ကြဉ်းမလာဘူး။”

ခါဆွန်ဒေသ တောင်ပိုင်းကနေ လာခဲ့တဲ့ ကျောင်းသားတယောက်က “ကျနော်က သိမ်းပိုက်ခံ နယ်မြေက လာတဲ့သူပါ။ ရုရှားတွေ အရပ်သားတွေနဲ့ ကျနော်တို့ အခြေခံအဆောက်အအုံတွေကို ဘာလုပ်တယ်ဆိုတာ ကိုယ်တိုင်မြင်ခဲ့တယ်”၊ “ရုရှားတွေက ကျနော်တို့ကို လုံးဝမလေးစားဘူး၊ ငြိမ်းချမ်းရေးက အရင်ကလည်း မရှိဘူး၊ ခုလည်း မရှိဘူး၊ နောင်လည်း ရှိမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013