DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာမြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
DVB
·
March 19, 2025
လေးမျက်နှာမြို့နယ် ရိုးမအစပ်နေရာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
Donate to DVB

ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ် ရိုးမအစပ်နေရာများကို မတ ၁၈ ရက်ညမှာ စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေးမျက်နှာမြို့နယ်နဲ့ ငါးသိုင်းချောင်းအစပ်နေရာတွေကို စစ်ကောင်စီလေတပ်က ဗုံး ၃ လုံး လာရောက်ကြဲတာဖြစ်ပြိး လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “အချိန်က ညနေဘက် လေတပ်က မုံရွာ-ရေဦးလမ်းဘက် ရိုးမအစပ်က နေရာတွေကို ဗုံး ၃ လုံး လာကြဲတာပါ။ အခုရက်ထဲ AA  ပူးပေါင်းတပ်တွေနဲ့ စစ်တပ် ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာကို လာကြဲတာထင်တယ်” လို့ DVB ကိုပြောပါတယ်။

လေးမျက်နှာမြို့နယ်၊ ရိုးမဧရိယာရှိ မှန်တန်းရွာ၊ ဝက်ကုန်းရွာ အနီးဝန်းကျင်တွေကို စစ်ကောင်‌စီလေတပ်က မတ် ၁၈ ရက်မှာ ဗုံးကြဲတိုက်ခဲ့တာလို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ်၊‌ ချင်းလယ်ရွာအနားမှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မတ် ၁၇ ရက်က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ငါးသိုင်းချောင်းမြို့၊ ရိုးမအစပ် တိုက်ပွဲဖြစ်ပွားနေရာတွေကို အမတ-၃၄၄ က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

မတ်လအတွင်း မုံရွာ-ရေဦးလမ်းဘက် ရိုးမအစပ်နေရာတွေနဲ့ ဧရာဝတီတိုင်း၊ ပုသိမ်၊ သာပေါင်း၊ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်အစပ်နေရာတွေမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013