Home
အားကစား
ကမ်းလှမ်းမှု တစုံတရာမရှိသဖြင့် မန်ယူမှ ထွက်ခွါမည်ဟု အဲရစ်ဆင် ပြော
DVB
·
March 19, 2025
Photo : Reuters

မန်ယူအသင်းဘက်က ကမ်းလှမ်းမှု တစုံတရာမရှိလို့ ရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွါဖြစ်လိမ့်မယ်လို့ ကွင်းလယ်လူ အဲရစ်ဆင်က ပြောသွားပါတယ်။

ဒိန်းမတ်အသင်းနဲ့ ပူးပေါင်းချိန်မှာ မန်ယူအသင်းနဲ့ အနာဂတ်နဲ့ပတ်သက်လို့ အဲရစ်ဆင်က မှတ်ချက်ပေးခဲ့တာပါ။

အသက် ၃၃ နှစ်ရှိ ကွင်းလယ်လူဟာ ၂၀၂၂ ခုနှစ်က ဘရန့်ဖို့ဒ်ကနေ မန်ယူအသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီး အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

အသင်းဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုမရရှိသေးတာကြောင့် အသင်းကနေ ထွက်ခွါရလိမ့်မယ်လို့ မှတ်ယူထားပြီး အသင်းသစ် ရှာဖွေသွားဖို့ ပြင်ဆင်ထားကြောင်းနဲ့ ဘယ်အသင်းဆီ ပြောင်းရွှေ့ဖြစ်မယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်း အဲရစ်ဆင်က ပြောပါတယ်။

အဲရစ်ဆင်အနေနဲ့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဒိန်းမတ်အသင်းနဲ့အတူ ဆက်လက် ကစားလိုနေပြီး ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ကစားနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024