DVB Logo
Home
မြန်မာသတင်း
မြင်းခြံ  ခမရ ၁၅ တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်၃ ဦးသေ၊ အများအပြားဒဏ်ရာရ
DVB
·
March 18, 2025
မြင်းခြံ  ခမရ ၁၅ တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်၃ ဦးသေ၊ အများအပြားဒဏ်ရာရ
Donate to DVB

မန္တလေးတိုင်း၊  မြင်းခြံမြို့ ၊ အမှတ်၁၅ ခြေမြန်တပ်ရင်းရဲ့ တပ်ဂိတ်ကို  မတ် ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ဆီက သိရပါတယ်။

ခမရ ၁၅ တပ်ရင်းရှေ့က စစ်ကောင်စီရဲ့တပ်ဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့  ဆိုပါတယ်။

Myingyan Black Tiger ဗိုလ်မိုက်ခဲက “ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကတော့ နေရာမှာပွဲချင်းပြီးပဲ။ ဒဏ်ရာရထားသူလည်း အများအပြားရှိတယ်။ နောက်ထပ်သေဆုံးမှုကိုတော့ စုံစမ်းနေတုန်းပဲ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုအခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger တော်လှန်ရေးတပ်ဖွဲ့နဲ့ Anyar Federal Task Force ဝံပုလွေမဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ချင်းတွင်းမြစ် အရှေ့ဘက်ရှိ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားပြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ယောက်သေဆုံးခဲ့ပြီး ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ MBT တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013