DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါတွင် ရာဇဝတ်ဂိုဏ်းတိုက်ဖျက်ရေး အမေရိကန် ကြေးစားစစ်တပ်ကုမ္ပဏီနှင့် လက်တွဲမည်
DVB
·
March 16, 2025
အီကွေဒေါတွင် ရာဇဝတ်ဂိုဏ်းတိုက်ဖျက်ရေး အမေရိကန် ကြေးစားစစ်တပ်ကုမ္ပဏီနှင့် လက်တွဲမည်
Donate to DVB

အီကွေဒေါနိုင်ငံ၊ ဂါယာကွီးလ်မြို့တော်မှာ မတ် ၁၃ ရက်က ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာ သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့ပြီး မော်တော်ယာဉ်တွေလည်း ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ကြာသပတေးနေ့ မနက်ပိုင်းက ဂါယာကွီးလ် အကျဉ်းထောင်ကြီး အပြင်ဘက်မှာ ကားတစီးထက်မနည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အစောင့်တယောက် သေဆုံးခဲ့ကြောင်း  ပြည်ထဲရေးဝန်ကြီး ဂျွန်ရိမ်းဘာ့ဂ်က ပြောပါတယ်။ 

အီကွေဒေါနိုင်ငံဟာ အမေရိကန်အခြေစိုက် Blackwater ပုဂ္ဂလိကစစ်တပ်ရဲ့ တည်ထောင်သူ အဲရစ်ခ်ပရင့်စ်နဲ့ လက်တွဲမှာဖြစ်ကြောင်း သမ္မတ ဒန်နီရယ်နိုဘိုအာက အခုသီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။

အရှိန်မြင့်လာနေတဲ့ ရာဇဝတ်မှုခင်းတွေကို ဖြေရှင်းဖို့အတွက် အဲရစ်ခ်ပရင့်စ်ရဲ့ အကူအညီနဲ့ လုံခြုံရေးအစီအမံတွေကို အားဖြည့်ထားကြောင်းနဲ့ ရာဇ၀တ်ဂိုဏ်းတွေဟာ ဧပြီ ၁၃ ရက် ရွေးကောက်ပွဲနေ့မတိုင်ခင်မှာ နိုင်ငံတွင်းအကြမ်းဖက်မှုတွေကို လှုံ့ဆော်ဖို့ ကြိုးပမ်းနေကြတာလို့ ပြည်ထဲရေးဝန်ကြီး ဂျွန်ရိမ်းဘာ့ဂ်က ကြာသပတေးနေ့က ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။

ရာဇ၀တ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့အတွက် မကြာခင်မှာ အီကွေဒေါ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပုဂ္ဂလိကလုံခြုံရေးအမှုဆောင်  အဲရစ်ခ်ပရင့်စ်ဆီမှ အကြံဉာဏ်ကို လက်ခံရရှိတော့မှာ ဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီး ရိမ်းဘာ့ဂ်က ပြောဆိုပါတယ်။

သမ္မတ နိုဘိုအာဟာ ရာဇဝတ်ဂိုဏ်းတွေကို စစ်ကြေညာထားပြီး လမ်းမတွေပေါ်မှာ စစ်တပ် ချထားခြင်းနဲ့ အန္တရာယ်ရှိတဲ့ ဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာခြင်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာပါ။

သမ္မတဟောင်း ရာဖှယ် ကော်နီယာရဲ့ နောက်လိုက်နောက်ပါ တယောက်ဖြစ်တဲ့ လက်ဝဲဝါဒီ လွီဆာ ဂွန်ဇာလေ့ဇ်ဟာ နိုဘိုအာရဲ့ လုံခြုံရေးဗျူဟာကို စိန်ခေါ်ခဲ့ပြီး သူ့အနေနဲ့ လုံခြုံရေး ကြိုးပမ်းမှုတွေနဲ့အတူ လူမှုရေးဆိုင်ရာ အစီအစဉ်တွေကို ပိုလုပ်ဆောင်သွားဖို့ ကတိပြုခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013