Home
မြန်မာသတင်း
တောင်ကြီးတွင် မီးပုံးပျံပျက်ကျ၊ လူ ၁၅ ဦး ဒဏ်ရာရ
ရွှေအောင်
·
November 1, 2014
10423267_748043925274321_6405615217905366326_n
1383060_748043965274317_5563965811778328926_n
1381806_748043945274319_6346722083458066083_n
64249_748043991940981_2073444449694138337_n
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲမှာ မီးပုံးပျံတလုံး ပျက်ကျပြီး လူ ၁၅ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ အောက်တိုဘာ ၃၁ ရက်ည ၁၂ နာရီလောက်က မီးပုံပျံ ပျက်ကျခဲ့တာဖြစ်ပြီး တက်ခါစမှာ ပျက်ကျခဲ့တာလို့ ပြိုင်ပွဲကျင်းပရေးဒိုင်အဖွဲ့ဝင်တယောက်ဖြစ်တဲ့ စိုင်းလောဝ်ခမ်းက ပြောပါတယ်။ “မီးပုံးပျံကြီးက တက်သွားပြီး ယမ်းငွေ့ဒဏ် မခံနိုင်လို့ ပျက်ကျတာပါ။ တက်သွားပြီဆိုပြီး ပျော်နေကြတုန်း၊ မီးပုံးပျံကြီးက ၀ုန်းဆို ပြုတ်ကျလာတာပဲ၊ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရှောင်တိမ်းလို့ရရင်တော့ ထိခိုက်ဒဏ်ရာ မဖြစ်ဘူးပေါ့ဗျာ။ အခုက စထွက်ပြီး ဗြုန်းကနဲ ပျက်ကျတဲ့အခါကျတော့ ရှောင်တိမ်းချိန် မရလိုက်ဘူးပေါ့။” တောင်ကြီး စပ်စံထွန်းဆေးရုံအရေးပေါ်ဌာန တာဝန်ကျသူနာပြုဆရာမတဦးက ဒဏ်ရာရလူနာ ၁၅ ယောက်စလုံး မီးလောင်ဒဏ်ရာတွေ ရထားလို့ ဆေးရုံခွဲစိတ်ဆောင်မှာ ဆေးကုသပေးနေပြီး ခုချိန်ထိ သေဆုံးသူ မရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။ တောင်ကြီး မီးပုံးပျံပွဲမှာ အခုလို မီးပုံးပျံပျက်ကျတာမျိုး နှစ်တိုင်းလိုလို ဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဓိက အားဖြင့်တော့ ပြိုင်ပွဲဝင်တဲ့အဖွဲ့တွေက သတ်မှတ်ထားတဲ့ ယမ်းပမာဏထက် ပိုထည့်ကြလို့ ယမ်းဒဏ် မခံနိုင်ဘဲ ပျက်ကျကြတာပါ။ တောင်ကြီးတန်ဆောင်တိုင်ပွဲနဲ့အတူ ကျင်းပတဲ့ မီးပုံးပျံပွဲဟာ အထူးစည်ကားလေ့ရှိပြီး အခုနှစ်ပွဲတော်ကို အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ ၈ ရက်တိုင် ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။ Photo- Sai SanWinBo/TaungGyi [gallery ids="69512,69513,69514,69515"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024