DVB Logo
Home
အားကစား
ပွဲအနည်းဆုံးကစားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်ကစားသမားအဖြစ် ဟာလန်း စံချိန်တင်
DVB
·
March 16, 2025
ပွဲအနည်းဆုံးကစားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်ကစားသမားအဖြစ် ဟာလန်း စံချိန်တင်
Donate to DVB

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ သွင်းဂိုးပါဝင်ပတ်သက်မှု  စုစုပေါင်း ၁၀၀ ကို ပွဲအနည်းဆုံးနဲ့ ပြည့်မြောက်တဲ့ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

ဘရိုက်တန်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းကတဂိုးသွင်းခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဂန္ထဝင်ကစားသမားတွေကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ 

ဟာလန်းဟာ ပရီးမီးယားလိဂ် ၉၄ ပွဲမှာပဲ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး အရင်က ပွဲ ၁၀၀နဲ့ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်ခဲ့တဲ့ အလန်ရှီးယားရဲ့ စံချိန်ကို ကျော်ဖြတ်ခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းမှာ အဲရစ်ကန်တိုနာနဲ့ မိုဆာလာတို့က  ပွဲ ၁၁၆ ပွဲ ကစားပြီးမှသာ သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၀၀ ပြည့်ခဲ့တာဖြစ်ပြီး၊ အဲဂွဲရိုး၊ အွန်နရီ၊ ဟယ်ရီကိန်း အစရှိတဲ့ ကစားသမားတွေရဲ့ မှတ်တမ်းတွေကိုလည်း ဟာလန်းက ကျော်ဖြတ်နိုင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013