DVB Logo
Home
မြန်မာသတင်း
မိုးဗြဲက တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံး၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
DVB
·
March 15, 2025
မိုးဗြဲက တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံး၊ တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး
1 / 3
Donate to DVB

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်စပ်မှာရှိတဲ့ မိုးဗြဲကိုရဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပြီး မတ် ၁၄ ရက် တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးသလို လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ရှမ်းတောင်စစ်ဒေသခွဲဗျူဟာ ၁ က မတ် ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

မိုးဗြဲကို ပြန်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က လူအင်အား၊ ​ဒရုန်းအင်အား၊ လက်နက်ကြီးအင်အားတွေ အလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေတာကြောင့်  ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေသလို မတ် ၁၃ ရက်မှာ ရှေ့တန်းကင်းတချို့ကို တပ်ဆုတ်ပေးခဲ့ရပြီး မတ် ၁၄ ရက်မှာတော့ တော်လှန်ရေးအင်အားစုက ပြန်လည်ထိုးစစ်ဆင်ရာမှာ စစ်တပ်ဘက်က ၁၅ ယောက်သေဆုံးပြီး ဒဏ်ရာရတဲ့သူတွေများတဲ့အပြင် လက်နက် ၉ လက်နဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက “သူတပြန်ကိုယ်တပြန်ပဲ။ မီးလောင်ဗုံးသုံးလို့ နေအိမ် အနည်းဆုံး အလုံး ၂၀ ထက်မနည်းမီးလောင်တယ်။ လက်နက်ကြီးက ပုံမှန်အားဖြင့် ဒီးမော့ဆိုက ၁၀၂ တပ်နဲ့ လွိုင်ကော် လွိုင်တမူနဲ့ လွိုင်လင်လေးတပ်ကလည်း ပစ်ကူလေ့ရှိတယ်။ ဖယ်ခုံဘက်ကလည်း ပစ်ကူလေ့ရှိတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ KNDF တပ်ရင်း ၃ က ရဲဘော်တယောက်ကျဆုံးခဲ့ရသလို အမှတ် ၁၁၀၉ တပ်ရင်းက ရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ရပြီး ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက မီးလောင်ဗုံးတွေ၊ ဓာတ်ငွေ့အဆိပ်ဗုံးတွေကိုလည်း အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရှမ်းတောင်စစ်ဒေသခွဲဗျူဟာ ၁ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စကစ တော့ သူတို့ပိုင်နက် စခန်းထဲပြန်ရောက်ပါပြီ။ မနေ့ညထိတော့ ကာကင်းစခန်းတော့ပြန်ရတာများပါတယ်ဗျ။ မီးရှို့သွားတာတော့ မရှိပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီဟာ မိုးဗြဲမြို့ပြန်လည်ရရှိဖို့ မိုးဗြဲမြို့ အမှတ် ၄၂၂ တပ်ရင်းကနေ အခြေပြုလို့ အင်အားရာချီ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုပြန်လည်ဆုတ်ခွာသွားပေမယ့် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အနီးအနားတပ်ရင်းကနေ လက်နက်ကြီးပစ်ကူတာ၊ ကာမီကာဇေ ခေါ် အသေခံဒရုန်းတွေကို အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မိုးဗြဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလောက်ကစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့အချိန်အထိ ထိတွေ့တိုက်ပွဲတွေပြင်းထန်နေသလို နှစ်ဖက် အထိအခိုက်တွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013