
ပင်နယ်တီကန်သွင်းမှု စည်းမျဉ်းကို ပြန်လည်သုံးသပ်ဖို့ ဥရောပဘောလုံး အဖွဲချုပ်က စီစဉ်နေပါတယ်။
မက်ဒရစ်ဒါဘီပွဲစဉ်မှာ အက်သလက်တီကိုတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ပယ်ဖျက်ခဲ့ပြီးနောက်မှာ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် အဖွဲ့အစည်းနဲ့ ဆွေးနွေးဖို့ ပြင်ဆင်လာခဲ့တာပါ။
အယ်လ်ဗာရက်ဇ်ဟာ ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာမှာ ထိချက်နှစ်ကြိမ် ရှိခဲ့တာကြောင့် VAR နဲ့ ပြန်လည်ကြည့်ရှုပြီး ပြန်လည်ပယ်ဖျက်ခဲ့တယ်။
ဘောလုံးပြိုင်ပွဲဥပဒေ အပိုဒ် ၁၄-၁ မှာ ပင်နယ်တီကန်သွင်းသူဟာ တခြားကစားသမား တယောက်က ဘောလုံးကို မထိမချင်း နောက်တကြိမ် ထိတွေ့ခွင့်မရှိကြောင်း သတ်မှတ်ထားတာပါ။
အဲဒီစည်းမျဉ်းအပေါ် ပြန်လည်သုံးသပ်ဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်က ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
အက်သလက်တီကိုဟာ အဲဒီပင်နယ်တီ ဂိုးမရခဲ့တာကြောင့် ချန်ပီယံပြိုင်ပွဲကနေ ထွက်ခဲ့ရပြီး ဒါဘီပြိုင်ဘက် မက်ဒရစ်နဲ့ ပြိုင်ပွဲစုံ ၆ ကြိမ် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းမှုမှာ ၆ ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရပါတယ်။
Photo: Reuters










