
အာဆင်နယ်အသင်းဟာ အိမ်ကွင်း အီမရိတ်ကို ပရိသတ်ဝင်ဆံ့ဦးရေ တိုးချဲ့သွားဖို စီစဉ်နေပါတယ်။
စပါး၊ ဝက်စ်ဟမ်း၊ လီဗာပူးနဲ့ မန်ယူအသင်းတွေလို ပြိုင်ဘက်အသင်းတွေက ပရိသတ်ဝင်ဆံ့ဦးရေ တိုးတက်လာဖို့ လုပ်ဆောင်ချိန်မှာ အာဆင်နယ်အသင်းကလည်း အိမ်ကွင်းကို ပြုပြင်တိုးချဲ့သွားဖို့ လုပ်ဆောင်လာခဲ့တာပါ။
အာဆင်နယ်အိမ်ကွင်းမှာ ပရိသတ်ဦးရေ ၆၀,၇၀၄ ယောက် ဝင်ဆံ့ပြီး အင်္ဂလန်မှာ ပဉ္စမမြောက် အကြီးဆုံးကွင်းအဖြစ်သာ ရှိနေတာပါ။
စပါး၊ ဝက်စ်ဟမ်းနဲ့ လီဗာပူးအသင်း အိမ်ကွင်းတွေက အာဆင်နယ်အိမ်ကွင်းထက် ပရိသတ် ထောင်ဂဏန်းဝန်းကျင် ပိုဆံ့ပါတယ်။
ကွင်းကို ပြန်လည်ပြုပြင်ဖို့ မလွယ်ကူပေမဲ့ ပရိသတ်ဦးရေ ပိုများအောင် ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ လုပ်ဆောင်မှာဖြစ်ပြီး တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရဖို့လည်း လုပ်ဆောင်သွားမယ်လို့ အာဆင်နယ်အသင်း ပူးတွဲဥက္ကဋ္ဌ ဂျိုစ်ခရွန်ကီက ပြောထားပါတယ်။
Photo-Reuters










