
အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ နယူးကာဆယ်နောက်ခံလူ ဒမ်ဘန်းကို အံ့အားသင့်ဖွယ် ရွေးချယ်သွားဖို့ ရှိနေပါတယ်။
အင်္ဂလန်နည်းပြသစ် သောမတ်စ်တူဟယ်ဟာ အခုသောကြာနေ့မှာ သူ့ရဲ့ အင်္ဂလန်နည်းပြဘ၀ ပထမဆုံး အသင်းလူစာရင်းကို ထုတ်ပြန်သွားမှာပါ။
ထွက်ပေါ်လာတဲ့ သတင်းတွေအရ တူဟယ်ဟာ နယူးကာဆယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဒမ်ဘန်းကို ပထမဆုံးအကြိမ် ရွေးချယ်သွားဖို့ ရှိနေတာပါ။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဒမ်ဘန်းဟာ အရပ် ၆ ပေရှိပြီး အင်္ဂလန်အသင်းမှာ တကြိမ်တခါမှ ပါဝင်ခဲ့ဖူးခြင်း မရှိခဲ့သူပါ။
တူဟယ်ဟာ နယူးကာဆယ်က ဝက်စ်ဟမ်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်ကိုလည်း လာရောက်ကြည့်ရှုခဲ့ပြီး နောက်ခံလူ ဒမ်ဘန်းရဲ့ခြေစွမ်းကို သဘောကျခဲ့တယ်လို့ သိရပါတယ်။
Photo-Reuters










