DVB Logo
Home
မြန်မာသတင်း
ဘာသာပြန်ရသ အမျိုးသားစာပေဆု မပေးနိုင်
DVB
·
November 1, 2014
ဘာသာပြန်ရသ အမျိုးသားစာပေဆု မပေးနိုင်
Donate to DVB

၂၀၁၃ ခုနှစ်အတွက် အမျိုးသားစာပေဆုတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဘာသာပြန် (ရသ)၊ ပြဇာတ်နဲ့ အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ ရသ စာပေဆုတွေ မပေးနိုင်ခဲ့ပါဘူး။

[caption id="attachment_69477" align="aligncenter" width="500"]ပြီးခဲ့တဲ့နှစ် ဆုပေးပွဲပြုလုပ်စဉ် ပြီးခဲ့တဲ့နှစ် ဆုပေးပွဲပြုလုပ်စဉ်[/caption]

ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု ရွေးချယ်စိစစ်ရေးကော်မတီက ဘာသာရပ် ၁၆ မျိုး ခွဲခြားပြီး ဆုပေးခဲ့ရာမှာ ကျန်တဲ့ စာပေဆုတွေ ရွေးချယ်ချီးမြှင့်နိုင်ခဲ့ပေမယ့် အထက်က စာပေဆုတွေတော့ မပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ တချိန်က အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဘာသာပြန်ဝတုစာအုပ်တွေ မထုတ်နိုင်ကြတော့ဘူးလား။

စာရေးဆရာ ချစ်ဦးညိုကတော့ စာဖတ်သူနည်းသွားတာ တကြောင်းပါတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။

“ဘာသာပြန်စာအုပ်တွေ မထွက်တာ တော်တော့်ကို ကြာနေပြီ။ ခန်းခြောက်နေပြီလို့ကို ပြောလို့ရတယ်။ ဘာသာပြန်တွေတင် မဟုတ်ဘူးဗျ။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ စာဖတ်ခြင်းယဉ်ကျေးမှု၊ စာဖတ်ခြင်း အလေ့အထ တော်တော်လေး လျော့နည်းသွားပြီဗျ။ ဆိုကြပါစို့ ဟယ်ရီပေါ်တာဆိုရင် သူတို့ဆီမှာ စာအုပ်ထွက်တယ်၊ ရုပ်ရှင်လည်း ထွက်တယ်။ စာအုပ်လဲဖတ်တယ်၊ ရုပ်ရှင်လည်း ကြည့်ကြတယ်။ ကျနော်တို့ဆီမှာကျ ရုပ်ရှင်ပဲ ကြည့်တော့တယ်။ အခွေပဲကြည့်ကြတော့တယ်။ စာအုပ်ကို ဘယ်သူမှ စိတ်မ၀င်စားတော့ဘူး။”

အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီဝင် အယောက် ၉၀ လောက်ဟာ ၂၀၁၃ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်ပေါင်း ၂၀၀၀ ကျော်ကို ဖတ်ရှုရွေးချယ်ခဲ့တာ ဖြစ်ပြီး၊ စာပေဆုတဆုကို ငွေကျပ် ၁၅သိန်း ပေးအပ်ချီးမြှင့်မယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013