အိန္ဒိယ ပညာရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ခဲ့ရတဲ့အထိ စာမေးပွဲမေးခွန်းတွေ ပေါက်ကြားမှုကို ကန့်ကွက်ရင်း ဆန္ဒပြခဲ့တဲ့ အိန္ဒိယ Gen-Z ပိုးဟပ်ဂျန်တာပါတီဟာ ရွေးကောက်ပွဲနိုင်ငံရေးဆီ ဝင်ဖို့ ချက်ချင်း အစီအစဉ်မရှိဘူးလို့ တည်ထောင်သူက သြဂုတ် ၄ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ပညာရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးရင်း ဒေလီမြို့တော်ကနေ တနိုင်ငံလုံးဆီ ပျံ့နှံ့သွားတဲ့ ဆန္ဒပြပွဲတွေကို အဘီဂျစ် ဒစ်ပ်က ဦးဆောင်ခဲ့တာပါ။
စီးပွားရေးတိုးတက်မှု မြန်ဆန်နေပေမဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားမှုအပေါ် လူငယ်တွေ စိုးရိမ်နေတာကို ဒီလှုပ်ရှားမှုက မီးမောင်းထိုးပြပါတယ်။
“ကျနော်တို့ အာရုံစိုက်စေချင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး Gen Z တွေနဲ့ တိုင်ပင်ဆွေးနွေးချင်ပါတယ်” လို့ ဒစ်ပ်က မဟာရပ်ရှထရာပြည်နယ် အနောက်ပိုင်းက သူ့အိမ်မှာလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ထောက်ခံသူတွေက ဗုဒ္ဓဟူးနေ့ကစပြီး နှစ်ရက်ကြာ တွေ့ဆုံရင်း နောက်ထပ်ခြေလှမ်းတွေကို ဆုံးဖြတ်မယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ရည်ရွယ်ချက်က ပိုးဟပ်ဂျန်တာပါတီအတွက် အစီအစဉ်ရေးဆွဲဖို့နဲ့ လူမှုရေးလှုပ်ရှားမှုကို ဘယ်လိုရှေ့ဆက်သွားနိုင်မလဲ ဆိုတာ ဆွေးနွေးဖို့ပါလို့ နှစ်ထပ်ရှိတဲ့ မိသားစုအိမ်မှာ လာလည်သူတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးနေရင်း ဒစ်ပ်က ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲနိုင်ငံရေးဆီ ချက်ချင်းဝင်ဖို့ ငြင်းဆိုခဲ့ပေမဲ့ လူအများစုက လိုလားရင် ပါတီတခု ဖွဲ့စည်းဖို့၊ လူထုတောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲတွေကို ဝင်ပြိုင်ဖို့ စဉ်းစားမယ်လို့ ပြောခဲ့ပါတယ်။
နိုင်ငံရေးသမားတွေ၊ တရားရုံးတွေနဲ့ မီဒီယာတွေအပေါ် အိန္ဒိယလူငယ် အများအပြားက ယုံကြည်မှု ဆုံးရှုံးသွားပြီလို့ သူကပြောရင်း အခုအချိန်မှာ CJP ရဲ့ အာရုံစိုက်မှုက လူငယ်တွေရဲ့ စိုးရိမ်မှုတွေကို ပိုချဲ့ထွင် ရှင်းပြဖို့ပါလို့ သူက ပြောပါတယ်။
၃၆ ရက်ကြာ ဆန္ဒပြပွဲအပြီးမှာ ဒစ်ပ်ခ်က သူ့ဇာတိမြို့ ချထရာပါတီ ဆမ်ဘာဂျီနာဂါဆီ ပြန်လာခဲ့ပြီး ထောက်ခံသူ ရာပေါင်းများစွာက သူ့အိမ်ကြမ်းပြင်မှာ ပန်းစည်းတွေ စီတန်းချထားရင်း ကြိုဆိုခဲ့ကြပါတယ်။
ဆန္ဒပြလှုပ်ရှားမှုကို မျက်ရည်ယိုဗုံးတွေ တုတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပေမဲ့ မဖြိုခွင်းနိုင်ဘဲ ဇူလိုင် ၂၅ ရက်နေ့မှာ ပညာရေးဝန်ကြီး ဒါမိန်ဒရာ ပရာဒန် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
Source: Reuters










