DVB Logo
Home
Lead Story
ကမ္ဘာ့နားမကြားအဖွဲ့ချုပ် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲ နိုဝင်ဘာ ၂ ရက်နေ့ ကျင်းပမည်
DVB
·
November 1, 2014
ကမ္ဘာ့နားမကြားအဖွဲ့ချုပ် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲ နိုဝင်ဘာ ၂ ရက်နေ့ ကျင်းပမည်
Donate to DVB

ကမ္ဘာ့နားမကြားအဖွဲ့ချုပ်ရဲ့ ၇ ကြိမ်မြောက် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာအပါအ၀င် အာရှနိုင်ငံ ၁၅ နိုင်ငံက နားမကြားလူငယ် ၆၀ ကျော် တက်ရောက်ကြမှာ ဖြစ်ပါတယ်။

 

camp2014_1(1) copyနှီးနှောဖလှယ်ပွဲမှာ အာရှဒေသနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေ အမြင်ချင်း ဖလှယ်ပြီး ဖြစ်ပေါ် တိုးတက်မှု အခြေအနေ၊ နားမကြားသူတွေရဲ့ အခြေအနေနဲ့ အပြောင်းအလဲတွေအပေါ် မေးမြန်း ဆွေးနွေးကြမှာပါ။

၆ ကြိမ်မြောက် အာရှလူငယ်များ နှီးနှောဖလှယ်ပွဲ ကို တောင်ကိုရီးယားနိုင်ငံ ဂိုယောင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၇ ကြိမ်မြောက်အဖြစ် ချင်းမိုင်မြို့မှာ လက်ခံကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013