
လာမယ့်ဘောလုံးရာသီ လီဗာပူးမှာဆက်ရှိဖို့ မသေချာကြောင်း နောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။
အသက် ၃၃ နှစ်ရှိ ဟော်လန်နောက်ခံလူဟာ အခုနှစ်ရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းမှု မရှိတာကြောင့် အသင်းကနေ ထွက်ခွါဖို့ ရှိနေတာပါ။
လက်ရှိအခြေအနေမှာ လီဗာပူးနဲ့ အနာဂတ်ဆက်ရှိဖို့ မသေချာကြောင်းနဲ့ လက်ကျန် ၁၀ ပွဲအပေါ်မှာ အာရုံစိုက်ထားကြောင်း ဗန်ဒိုက်က ပြောပါတယ်။
နောက်ကွယ်မှာ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေရှိပေမဲ့ ထူးခြားမှုမရှိသေးကြောင်း၊ စာချုပ်ကိစ္စ ထူးခြားလာရင် ထုတ်ဖော်ပြောပြသွားမှာဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
ဟော်လန်နောက်ခံလူဟာ ၂၀၁၈ ခုနှစ်က ဆောက်သမ်တန်ကနေ လီဗာပူးဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး စုစုပေါင်း ပွဲ ၃၀၀ ကျော် ပါဝင်ကစားထားပါတယ်။