
လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာအနေနဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် နောက်ကျ ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီက သုံးသပ်သွားပါတယ်။
ဆာလာဟာ အခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၂၇ ဂိုးသွင်း၊ ၁၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်ရည် ပြသနေတာပါ။
ဒါပေမဲ့ လီဗာပူးအသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ဆာလာအနေနဲ့ အကောင်းဆုံးဆုအတွက် မျှော်လင့်ချက် နည်းပါးသွားခဲ့ရတာပါ။
အာဆင်နယ်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်း အွန်နရီကတော့ ဘလွန်းဒီအောဆုအတွက် ဆာလာ နောက်ကျကျန်ခဲ့ပြီဖြစ်ပြီး ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာက ပိုပြီး ရေပန်းစားလာကြောင်း သုံးသပ်ပါတယ်။
ဘရာဇီးသားဟာ ဘာစီလိုနာအတွက် ၂၇ ဂိုးသွင်းပြီး ၁၉ ကြိမ်အထိ ဂိုးဖန်တီးထားပါတယ်။ ဘလွန်းဒီအောဆု ရရှိနိုင်မယ့် ကစားသမားတွေထဲမှာ ပီအက်စ်ဂျီမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီလည်း ပါဝင်နေပါတယ်။