DVB Logo
Home
နိုင်ငံတကာ
SDF ကာ့ဒ်တပ်ဖွဲ့က ဆီးရီးယားအစိုးရသစ်နှင့် ပေါင်းစည်းရန် အတည်ပြု
DVB
·
March 12, 2025
SDF ကာ့ဒ်တပ်ဖွဲ့က ဆီးရီးယားအစိုးရသစ်နှင့် ပေါင်းစည်းရန် အတည်ပြု
Donate to DVB

ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသကို ထိန်းချုပ်ထားတဲ့ ကာ့ဒ်လူမျိုးစုဝင် SDF တပ်ဖွဲ့က အစိုးရသစ်အောက်မှာ ပေါင်းစည်းဖို့အတွက် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဆီးရီးယားယာယီသမ္မတ အာမတ်ဒ်အယ်လ်ရှာရာနဲ့ SDF ခေါင်းဆောင် မက်ဇ်လွန်းမ် အပ်ဒီတို့ရဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးနေတဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသဘောတူညီချက်ထဲမှာ စည်းလုံးညီညွတ်ရေးအပေါ် အလေးထား ဖော်ပြထားပြီး “ဆီးရီးယားအရှေ့မြောက်ပိုင်းက အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး” ကို နိုင်ငံတော်အဆင့်အစိုးရနဲ့ ပေါင်းစပ်မယ့်အချက်ပါ ထည့်သွင်းထားပါတယ်။

အဲဒီထဲမှာ တနိုင်ငံလုံး အပစ်ရပ်ရေး အပါအဝင် လေဆိပ်၊ နယ်စပ်ဂိတ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဇုန်တွေအထိ ပါဝင်နေပါတယ်။

ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ဘက်က အာဏာရှင်ဟောင်း အာဆတ်ရဲ့ သစ္စာခံတွေကို တိုက်ခိုက်ရာမှာ အကူအညီပေးမှာ ဖြစ်သလို သူတို့ ကာ့ဒ်လူမျိုးတွေရဲ့  အခွင့်အရေးအတွက်လည်း တောင်းဆိုထားပါတယ်။

ဒါကြောင့် ဆီရီးယားအစိုးရဘက်က ကာ့ဒ်လူမျိုးစုဟာ နိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်တဲ့အပြင် နိုင်ငံသားဖြစ်ခွင့်နဲ့ အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကိုပါ အာမခံထားပါတယ်။

SDF တပ်ဖွဲ့ဟာ ၂၀၁၅ ကတည်းက တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ရင် အရှေ့မြောက်ပိုင်းနယ်မြေဟာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်လာမှာဖြစ်ပါတယ်။

၂၀၁၉ မှာ အပြီးတိုင် ဖြိုခွင်းခံခဲ့ရတဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ ISIL ကို နှိမ်နင်းမှုအတွင်း SDF တပ်ဖွဲ့က ပါဝင်ခဲ့တဲ့အလျောက် အမေရိကန်ရဲ့ ထောက်ခံမှုပါ ရရှိထားပါတယ်။

မကြာသေးတဲ့ရက်ပိုင်းတုန်းက အဖြုတ်ချခံ သမ္မတဟောင်း အာဆတ်အပေါ် ထောက်ခံသူတွေရဲ့ ချုံခိုတိုက်ခိုက်မှုကို လုံခြုံရေးတပ်တွေအနေနဲ့ လက်တုံ့ပြန်ခဲ့ရာမှာ အရပ်သားတွေ အပါအဝင် လူထောင်နဲ့ချီပြီး သေဆုံးခဲ့ရပါတယ်။

အယ်လ်ရှာရာ ကတော့ ကမ်းရိုးတန်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်သူတွေဟာ “သူနဲ့အနီးကပ်ဆုံးဖြစ်နေရင်တောင်” အပြစ်ပေးမယ်ဆိုပြီး ကတိပြုခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013