DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့နယ်တွင် အမျိုးသား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
March 11, 2025
မုဒုံမြို့နယ်တွင် အမျိုးသား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီးမှာ မတ် ၁၀ ရက် မနေ့မနက်ပိုင်းက ရွာခံအမျိုးသား ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီး ကျေးလက်ကျန်းမာရေးဌာနရှေ့မှာ မတ် ၁၀ ရက် မနက် ၂ နာရီလောက်က  သေနတ်ဒဏ်ရာ ၆ ချက်နဲ့ လဲကျသေဆုံးနေတာလို့ ရွာခံတယောက်က  DVB ကို ပြောပါတယ်။

"ကလော့သော့ရွာက တယောက်နဲ့ ကော့ခပီထောရွာက တယောက်ပါ။ ၂ ယောက်စလုံးက ရွာထဲမှာ ခိုးဆိုးလုယက်မှု​နဲ့ ခဏခဏ အရေးယူခံနေရတာ။ ကျနော်တို့ရွာမှာက ပြည်သူ့စစ်အဖွဲ့တွေက ကင်းလှည့်နေတာတွေတော့ရှိတယ်။ အခုဟာက ရွာပြင်မှာဖြစ်တာဆိုတော့ ဘယ်သူပစ်သွားလဲ ဆိုတာတော့ သေချာမသိဘူး။"

သေနတ်နဲ့ ပစ်ခတ်ခံရသူတွေမှာ အသက် ၂၅ နှစ်အရွယ် မွန်ထိုင်းနဲ့ အာဂလန်တို့ဖြစ်ပြီး သူတို့ ၂ ယောက် လဲကျသေဆုံးတဲ့ နေရာအနီးမှာလည်း AK-47 ကျည်ခွံ ၆ ခုကိုတွေ့ရှိခဲ့ကြောင်း ရွာသားတွေဆီက သိရပါတယ်။

ပစ်ခတ်ခံရသူ ၂ ယောက်က  ကလော့သော့ကျေးရွာနဲ့ အနီးနားရွာတွေမှာ ဆိုင်ကယ်၊ ဖုန်းနဲ့ တခြားတန်ဖိုးရှိ ပစ္စည်းတွေကို မကြာခဏ ခိုးယူနေသလို မူးယစ်ဆေးရောင်းဝယ်တာတွေ လုပ်ဆောင်နေတာကြောင့် လတ်တလော မုဒုံမြို့နယ်ထဲက ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်ခံထားရဆဲဖြစ်ကြောင်း မြို့မရဲစခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းကလည်း မုဒုံမြို့နယ် ကလော့သော့ကျေးရွာအဝင်လမ်းအနီး မုဒုံ - သံဖြူဇရပ်ကားလမ်းဘေးရှိ "မေတ္တာမန်" စက်သုံးဆီအရောင်းဆိုင်မှာ ဆိုင်ကယ်တစီးနဲ့ လက်နက်ကိုင်အမျိုးသား ၃ ယောက် ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်ကာ ကောင်တာက ငွေကျပ် ၆ သိန်းကျော်ကို လုယက်ယူဆောင်သွားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013