DVB Logo
Home
မြန်မာသတင်း
ဂျိုင်း(ကော့ကရိတ်) တံတားအသစ်ဖွင့်ပွဲ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
March 11, 2025
ဂျိုင်း(ကော့ကရိတ်) တံတားအသစ်ဖွင့်ပွဲ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်အစိုးရအဖွဲ့က မတ်လ ၉ ရက် မနက်ပိုင်းမှာ ဖွင့်လှစ်ခဲ့တဲ့ ဂျိုင်း(ကော့ကရိတ်) တံတားအသစ်ဖွင့်ပွဲမှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

အဲဒီတံတားသစ်ဖွင့်ပွဲကျင်းပပြီး မိနစ်ပိုင်းအတွင်းမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဗုံးသီး  တလုံး အလယ်တည့်တည့်ချကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က  ပြောပါတယ်။

“သူတို့လည်း ဖဲကြိုးဖြတ်အပြီး မိနစ်ပိုင်းအတွင်း ဒရုန်းနဲ့ ဗုံးသီးသွားချခဲ့တာ။ ဒဏ်ရာရတဲ့သူတွေကို ကားပေါ် ခေါ်တင်သွားတာတော့ တွေ့လိုက်တယ်။ ပြီးတော့ ပြည်နယ်အစိုးရအဖွဲ့က လူတွေ ပြန်ပြီး ပြေးသွားကြတယ်။"

တံတားသစ်ပေါ်ရှိ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့ဝင်တွေ၊ BGF တပ်ဖွဲ့၀င်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖွင့်ပွဲအပြီး ၅ မိနစ်လောက်အကြာ ကျုံဒိုးဘက်ကို ပြန်ထွက်သွားပြီးနောက် တံတားအသုံးပြုခွင့်ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် တံတားသစ်ဖွင့်ပွဲပြုလုပ်ခဲ့တဲ့ မတ်လ ၉ ရက်  မနက် ၆ နာရီမှာ တော်လှန်ရေးတပ်ဖွဲ့က ဂျိုင်းဘက်ခြမ်း တံတားဟောင်းနေရာကို ဒရုန်း ၂ စင်းနဲ့ ဗုံးသီးကြဲချခဲ့ရာ စစ်ကောင်စီဘက်က  Jammer ပိုမိုအသုံးပြုထားတာကြောင့် ပထမတလုံးက တံတားဘေးလမ်းအောက်ဘက် မူလတန်းကျောင်း နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

နောက်တလုံးက ဂျိုင်းရွာ ၁ လမ်းနဲ့ ၂ လမ်းကြားမှာ ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားပြည်သူ ၆ ယောက်ထဲက ၂ ယောက် ဗုံးစအနည်းငယ်ထိမှန်ခဲ့ပေမဲ့ စိုးရိမ်စရာ မရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

ဂျိုင်း(ကော့ကရိတ်)တံတားဟာ သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး အရှည် ၁၉၀၃ ပေ၊ ယာဉ်သွားလမ်း အကျယ် ၄ လမ်းသွားနဲ့ လူသွားလမ်း တဖက်လျှင် ၁ ဒသမ ၂ မီတာ စီရှိကာ  NLD အစိုးရလက်ထက်မှာ ဆောက်လုပ်ထားတဲ့ တံတားဖြစ်ကာ စစ်ကောင်စီဘက်က ၃ လ အချိန်ယူ ပြန်လည်ပြင်ဆင်  ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013