DVB Logo
Home
နိုင်ငံတကာ
မှားယွင်းဗုံးကြဲမှုအတွက် တောင်ကိုရီးယား လေတပ်အကြီးအကဲ တောင်းပန်
DVB
·
March 11, 2025
မှားယွင်းဗုံးကြဲမှုအတွက် တောင်ကိုရီးယား လေတပ်အကြီးအကဲ တောင်းပန်
Donate to DVB

တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဂျက်လေယာဉ် ၂ စင်းက ရွာတရွာကို မတော်တဆ မှားယွင်းဗုံးကြဲခဲ့အပြီး လူ ၂၉ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်အကြီးအကဲ လီယောင်ဆူးက မတ် ၁၀ ရက်မှာ ဦးညွှတ် တောင်းပန်လိုက်ပါတယ်။

“ဒါဟာ ဘယ်တော့မှ မဖြစ်သင့်တဲ့ မတော်တဆမှုဖြစ်ပြီး နောက်တကြိမ် ထပ်မဖြစ်သင့်ပါဘူး” လို့ လီက သတင်းထောက်တွေကို ပြောပါတယ်။

ဂျက်လေယာဉ် တစင်းရဲ့ လေယာဉ်မှူးတယောက်ဟာ ပစ်မှတ်ကိုသြဒိနိတ်တွေကို သေချာ မစစ်ဆေးဘဲ ဗုံးကြဲချခဲ့သလို  တခြားဂျက်လေယာဉ်ရဲ့ လေယာဉ်မှူးတယောက်ကလည်း မှားနေတဲ့ အမှတ်နေရာပြ ကိန်းဂဏန်းတွေကို သတိမပြုမိဘဲ ဗုံးတွေ ကြဲချခဲ့တယ်လို့ စစ်တပ်ရဲ့ စစ်ဆေးချက် ကြားဖြတ်ရလဒ်ကို ကိုးကားပြီး ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။

ဒီလို မတော်တဆဗုံးကြဲတဲ့ ဖြစ်ရပ်မှာ မြန်မာနိုင်ငံသား တယောက်နဲ့ ထိုင်းနိုင်ငံသား တယောက်တို့လည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ကိုရီးယားသတင်းတွေမှာ ဖော်ပြပါတယ်။

နှစ်စဉ် ကျင်းပနေကျ တောင်ကိုးရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့မှာ စခဲ့ပေမဲ့ မှားယွင်းပစ်ခတ်မှု ဖြစ်အပြီးမှာ တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်ခန်းတွေကို ရပ်ဆိုင်းထားဆဲ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013