DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးသေဆုံးမှု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်တင်ရန် သမ္မတရုံး ညွှန်ကြား
DVB
·
October 31, 2014
ကိုပါကြီးသေဆုံးမှု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ အမြန်တင်ရန် သမ္မတရုံး ညွှန်ကြား
Donate to DVB

ကိုပါကြီး သေဆုံးတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတစောင် အမြန်တင်ပေးဖို့ သမ္မတရုံးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ညွှန်ကြားလိုက်ပါတယ်။

ကိုပါကြီး သေဆုံးပြီး ၁ လလောက်အကြာမှာ သမ္မတရုံး ညွှန်ကြားချက်ထွက်ပေါ်လာတာ ဖြစ်ပြီး ညွှန်ကြားချက်ထဲမှာ တပ်မတော်က သတင်းထုတ်ပြန်ထားတဲ့ ကေကေအို စောဆန်းအောင်အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိ အောင်နိုင် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဆိုပြီး ဖော်ပြပါရှိပါတယ်။

[caption id="attachment_68521" align="alignright" width="300"]ဦးပါကြီး ဦးပါကြီး[/caption]

သမ္မတရုံးညွှန်ကြားချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက “အမြန်ဆုံး သွားရောက်စစ်ဆေးဖို့ လုပ်နေပါတယ်။ စုံစမ်းစစ်ဆေးတဲ့ အနေအထား၊ တွေ့မယ့်သူတွေပေါ်မှာ ဘယ်လောက်အချိန်ယူရမလဲဆိုတာပေါ် မူတည်တာပေါ့။ အတိအကျပြောလို့ မရပေမယ့် ပြောလိုတာကတော့ အမြန်ဆုံးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါက အင်မတန် ရှုပ်ထွေးတဲ့ကိစ္စ၊ ကျနော်တို့က တတ်နိုင်သမျှ အမှန်ဆုံးဖြစ်အောင် စုံစမ်းစစ်ဆေးမှာ ပါ” လို့ ပြောပါတယ်။

ပြည်တွင်းမှာ လူ့အခွင့်အရေး ပညာပေးလုပ်ဆောင်နေတဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဒီအမှုမှာ တပ်မတော်က ပါဝင်ပတ်သက်နေတာမို့ တပ်ရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လောက် ရှိမလဲ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ပူးပေါင်းပါဝင်မှုနည်းတဲ့ အစိုးရဌာနတွေထဲမှာ စစ်တပ်က အမြဲတမ်း ထိပ်ဆုံးက ပါဝင်နေတာဆိုတော့ ဒါက ကျနော်တို့ ဆက်လက်စောင့်ကြည့်ရဖို့ လိုအပ်ပါတယ်။ တပ်ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘူးဆိုရင်တော့ ကော်မရှင်လည်း လုံးဝ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကော်မရှင်မှာ လုပ်ပိုင်ခွင့်ကို ဥပဒေအရ ပေးထားတယ်။ ဒါပေမယ့် လုပ်တဲ့အခါ ဘယ်လောက်အထိ ပူးပေါင်းပါဝင်မှု ရှိမလဲ။ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်ရဲ့ ကျွမ်းကျင်မှုနဲ့ အမှန်တရား မြတ်နိုးမှုပေါ်လည်း အခြေတည်နေတာ တွေ့ရပါတယ်။”

အာရှ လူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဥပဒေနားလည်ကျွမ်းကျင်တဲ့ သီးခြား လွတ်လပ်တဲ့အဖွဲ့တဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ်သင့်တယ်လို့ ပြောပါတယ်။

“ကိုပါကြီးအမှု တကယ်တမ်းအဖြစ်မှန် ပေါ်ပေါက်ရေးအတွက်ကို အလေးအနက်ထား ဆောင်ရွက်မယ်ဆိုရင် ဥပဒေပိုင်း အထူးကျွမ်းကျင်တဲ့သူတွေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနဲ့အညီ ဆောင်ရွက်ပေးနိုင်ဖို့အတွက် လမ်းညွှန်ပေးနိုင်တဲ့သူတွေ၊ သက်သေခံဥပဒေအတိုင်း သက်သေခံ အထောက်အထားတွေ မပျောက်ပျက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေ တရားသူကြီးဟောင်းတွေ ဥပဒေ၀န်ထမ်းဟောင်းတွေ ပါဝင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကသူတွေ မပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းပေးပြီးတော့ အစီရင်ခံစာ တင်ခိုင်းတာက ပိုကောင်းမယ်လို့ မြင်ပါတယ်။”

သုံးရောင်ခြယ် အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ဒီကေဘီအေနဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီး အပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားရာမှာ အစောင့်ရဲ့ သေနတ်ကို လုယူထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး သေဆုံးခဲ့တယ်လို့ မြန်မာ့တပ်မတော်က အောက်တိုဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013