DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နိုင်ငံ လူတစုအုပ်ချုပ်ရေးအောက် ရောက်နေပြီဟု အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ် ပြော
DVB
·
March 9, 2025
အမေရိကန်နိုင်ငံ လူတစုအုပ်ချုပ်ရေးအောက် ရောက်နေပြီဟု အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ် ပြော
Donate to DVB

အမေရိကန်နိုင်ငံဟာ လူတစုအုပ်ချုပ်ရေးအောက်ကို ရောက်နေပြီလို့ အမေရိကန် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်က ဝစ္စကိုဆင်ပြည်နယ်၊ ခဲ့နိုးရှားမြို့ကို မတ် ၇ ရက်က ရောက်လာချိန်မှာ လူအုပ်ကြီးကို ပြောခဲ့ပါတယ်။

အသက် ၈၃ နှစ်အရွယ် အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်က  အာဏာရှင်စနစ်၊ လူတစု အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်သူတွေက နိုင်ငံရေးဩဇာသုံးပြီး ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်တဲ့စနစ်တွေကို လက်မခံဖို့ သူ့ကို အားပေးနေတဲ့ လူအုပ်ကြီးကို ပြောပါတယ်။

“ကျနော်တို့ တွန်းလှန်ပြီး အနိုင်ရမှာပါ” လို့လည်း အထက်လွှတ်တော်အမတ် ဆန်းဒါးစ်က ပြောပါတယ်။ 

“အခုအချိန်မှာ အီလွန်မတ်စ်ခ်နဲ့ ဒေါ်နယ်ထရမ့်ပ်တို့ လုပ်နေတဲ့အရာတွေက အချမ်းသာဆုံး ၁ ရာခိုင်နှုန်းအတွက် အခွန်တွေ ဒေါ်လာ တစ် ထရီလီယံကျော်ဖိုး ဖြတ်တောက်လိုက်တာပါပဲ” လို့ ဆန်းဒါးစ်က ပွဲအပြီးမှာ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

“ပြီးတော့ အဲဒီအခွန်အခတွေကို လျှော့ပေးဖို့ ဆေးဘက်အကူအညီ Medicaid၊ အာဟာရ ပရိုဂရမ်တွေနဲ့ ပညာရေးကို ကြောက်စရာ ကောင်းအောင် ဖြတ်တောက်တာပါပဲ”လို့ ဆန်းဒါးစ်က ဆက်ပြောပါတယ်။

လူတွေဟာ သူတို့ရဲ့ တည်ငြိမ်မှုနဲ့ စားနပ်ရိက္ခာ တတ်နိုင်မှု ဆုံးရှုံးနေကြပြီး သူ့ရဲ့ အနာဂတ်အတွက် စိုးရိမ်တယ်လို့ ဘာနီဆန်းဒါးစ်ကို  ထောက်ခံသူ ရှီလာ ဝါရန်က ပြောပါတယ်။

“ကျမလို မသန်စွမ်းသူတွေက အိမ်ရာစရိတ် မတတ်နိုင်သလို အာမခံငွေတွေလည်း ဆုံးရှုံးရတော့မယ်။”

ဒေါ်နယ်ထရမ့်ပ်နဲ့ သူ့အစိုးရကို စဉ်ဆက်မပြတ်ဝေဖန်နေတဲ့ ဆန်းဒါးစ်က သူ့ရဲ့  လူတစုအုပ်ချုပ်မှု တိုက်ဖျက်ရေးခရီးစဉ်ကို ဖေဖော်ဝါရီ ၂၁ ရက်က နီဘရာစကာပြည်နယ်မှာ စတင်ခဲ့ပြီး နောက်ထပ် ပြည်နယ်တွေမှာလည်း ဆက်လက်လုပ်ဆောင်ဖို့ အစီအစဉ်တွေရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013