DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်က ဒေသခံများ စစ်ကောင်စီတပ်ကို ထမင်းထုပ်ပို့နေရ
DVB
·
March 9, 2025
ပန်းတောင်းမြို့နယ်က ဒေသခံများ စစ်ကောင်စီတပ်ကို ထမင်းထုပ်ပို့နေရ
1 / 4
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့က ဒေသခံတွေကို ညောင်ကျိုးရွာနားမှာ အာရက္ခတပ်တော်(AA)နဲ့ တိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ဒေသခံပြည်သူတွေက ထမင်းထုပ် ပို့ပေးနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှေ့တန်းအတွက် တအိမ်ထောင်ကို ည မနက်စာ ထမင်းတထုပ် ပို့ပေးရမယ်ဆိုပြီး မတ် ၃ ရက်နေ့က အိမ်တွေအထိ လိုက်လံအသိပေးခဲ့တာလို့ ဆိုပါတယ်။

မြို့ခံတယောက်က “သဘာဝဘေးလည်း မဟုတ်ဘူး ထမင်းထုပ်ပို့ခိုင်းတာ၊ မပို့မနေရဆိုပြီး ရပ်ကွက်ရုံးကို ပို့ခိုင်းတယ်။ မနက် ၁၀ နာရီအရောက်တဲ့၊ ထမင်းထုပ်ကလည်း ည၊ မနက်စားလို့ရအောင် ၂ နပ်စာ ထည့်ခိုင်းတယ်။ အသားဟင်းလည်း ပါရမယ်တဲ့၊ မပို့ရင်လည်း ဖမ်းနေမှာကြောက်လို့ ပို့နေရတယ်” လို့ DVB ကိုပြောပါတယ်

ရှေ့တန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစားအသောက်ရှားပါးနေပြီး စစ်ကောင်စီတပ်ကလည်း ထမင်းပဲပို့ပေးနိုင်တဲ့အတွက် အခုလို ပြည်သူတွေဆီကထမင်းထုပ်တွေ တောင်းရမ်းနေတာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ညောင်ကျိုးရွာနားမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် မတ် ၅ ရက်နေ့မှာ ရန်ကုန်နဲ့ပဲခူးက စစ်ကောင်စီတပ်ဖွဲ့ဝင် ထရပ်ကား ၁၀ စီးလောက် အင်အားထပ်ဖြည့်ထားပြီး အစားအသောက်တွေ လိုအပ်နေတာလို့ သိရပါတယ်။

‌ဒါ့အပြင် မြို့ခံ တရားမဝင်လုပ်ငန်းလုပ်ကိုင်သူ လောင်းကစားသမားတွေနဲ့ သစ်မှောင်ခိုသမားတွေကိုလည်း ကွမ်းယာဆေးလိပ်၊ အချိုရည်၊ ဆေးဝါးနဲ့ သောက်သုံးရေတွေ ပို့ဆောင်ခိုင်းတယ်လို့ ဆိုပါတယ်။

မြို့ခံတယောက်က “မိသားစု စားဝတ်နေရေးတောင် မနည်းဖြေရှင်းနေရတာ၊ အခုလို မဖြစ်မနေ ထမင်းထုပ်ပို့ပေးရတယ်ဆိုတော့ ခက်ခဲတာပေါ့။ အိမ်မှာက မရှိ၊ ရှိတာလေးနဲ့ စားလို့ရတယ်။ ထမင်းထုပ်က အသားဟင်းလည်း ထည့်ပေးရတော့ ရက်ကြာရင် မလွယ်တော့ဘူး” လို့ ပြောပါတယ်။

Photo: CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013