
လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖီဖာဘောလုံးအဖွဲ့ချုပ်က နိုင်ငံအသင်းအရေအတွက်ကို ၆၄ သင်းအထိ တိုးချဲ့ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ စပိန်နဲ့ ပေါ်တူဂီ အပါအဝင် အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးစတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံက တိုက်ကြီး ၃ တိုက်မှာ လက်ခံ ကျင်းပသွားမှာပါ။
ဒါဟာ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အတွက် ရည်ရွယ်တာဖြစ်ပြီး ဖီဖာအဖွဲ့ဝင် ၂၁၁ နိုင်ငံထဲက ၄-ပုံ-၁-ပုံကျော်ကို ယှဉ်ပြိုင်ခွင့်ပြုဖို့ ရှိနေပါတယ်။
၁၉၃၀ ပြည့်နှစ်တုန်းက ဥရုဂွေးနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ကျင်းပခဲ့တာ ဖြစ်သလို အိမ်ရှင်အသင်းအနေနဲ့လည်း အောင်မြင်မှုရရှိခဲ့ပါတယ်။
အဲဒီဖိုင်နယ် ပွဲစဉ်မှာ ဥရုဂွေးက အာဂျင်တီးနားးကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပထမဆုံးကမ္ဘာ့ဖလားရရှိတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် ဥရုဂွေးမြို့တော် မွန်တေဗီဒေယိုက ၂၀၃၀- ပြည့်နှစ် ကမ္ဘာဖလားရဲ့ အဖွင့်ပွဲစဉ်ကို ရာပြည့်အထိမ်းအမှတ်အနေနဲ့ လက်ခံကျင်းပသွားမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း ပြိုင်ပွဲဝင်အရေအတွက် ကို ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။
လာမယ့်နှစ်အတွင်း အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပမယ့် ဒီပြိုင်ပွဲမှာ Super Bowl (စူပါဘောလ်) လိုမျိုး Halftime Show အားလပ်ချိန်ဖျော်ဖြေရေးကိုပါ ပထမဆုံးအကြိမ် ထည့်သွင်းထားပါတယ်။
လောလောဆယ်အထိ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အကြီးမားဆုံးဖြစ်လာနိုင်ပြီး သီတင်း ၆ ပတ်တာ-ကာလအတွင်း မြို့ကြီး ၁၆ မြို့က ပွဲစဉ်ပေါင်း ၁၀၄ ပွဲကို အသီးသီး တာဝန်ယူထားပါတယ်။
အခုလိုမျိုး အရေအတွက်တိုးချဲ့မှုအပေါ် ဝေဖန်မှုတွေရှိနေပေမဲ့ ဖီဖာဥက္ကဋ္ဌ ဂျာနီအင်ဖန်တီနို ကတော့ ဒါဟာ ဝင်ငွေတိုးစေပြီး အသင်းအများအပြားကို ယှဉ်ပြိုင်ခွင့်ပေးရာကျတယ်လို့ တုံ့ပြန့်ထားပါတယ်။
Source : Reuters
Photo: Reuters










