
မန်ယူတိုက်စစ်မှူး ဟွိုက်လန်း ဂိုးပေါက်ပျောက်နေတဲ့ အကြောင်းအရင်းကို အသင်းဂန္ထဝင် ကွင်းလယ်လူဟောင်း ပေါလ်စခိုးက သုံးသပ် ဝေဖန်သွားပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ မတ် ၇ ရက်က ကစားခဲ့တဲ့ ဆိုစီဒက်နဲ့ပွဲမှာလည်း ဂိုးပေါက်ရှာမတွေ့ခဲ့တာကြောင့် ဂိုးမသွင်းနိုင်တဲ့ ပွဲ ၁၈ ပွဲအထိ ရှိလာခဲ့တာပါ။
ပေါလ်စခိုးကတော့ ဟွိုက်လန်းဟာ ဂိုးမသွင်းနိုင်ရုံတင်မကဘဲ ဂိုးသွင်းခွင့်တွေတောင် မရဘဲ ဖြစ်နေကြောင်း၊ တချိန်တည်းမှာပဲ လူငယ်တိုက်စစ်မှူး အိုဘီ မာတင်က ဂိုးသွင်းခွင့်တွေ ရရှိနေကြောင်း ပြောပါတယ်။
ဟွိုက်လန်း အနေနဲ့ ပြေးလွှားနေတာတွေ များလွန်းတယ်လို့ ထင်မိပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်နိုင်မှုလည်း အားမကောင်းကြောင်း ပေါလ်စခိုးက ပြောပါတယ်။
ပေါလ်စခိုးနဲ့အတူ သုံးသပ်ခဲ့တဲ့ TNT Sportက သုံးသပ်သူ ကာနေးကတော့ ဟွိုက်လန်းဟာ ပြင်းပြင်းထန်ထန် ကြိုးစားမှု များလွန်းနေတာက ဂိုးမသွင်းနိုင်ခြင်းရဲ့ အချက်တချက်ဖြစ်ကြောင်း သုံးသပ်သွားပါတယ်။
Photo: Reuters